ပေါင်ခြံ ဒဏ်ရာကြောင့် အနားယူနေရတာပါ။

ပေါင်ခြံဒဏ်ရာကြောင့် လွန်ခဲ့တဲ့ ၂လအတွင်းမှာ စပါးနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီတစ်ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့သလို အာဆင်နယ်ကို စရောက်ကတည်းကနေ အခုထိလည်း ပြိုင်ပွဲစုံ ၆ပွဲသာ ပါဝင်ပေးထားနိုင်ပါသေးတယ်။

ယနေ့ညမှာကစားမယ့် ပဲလေ့စ်နဲ့ပွဲမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ပါတေး ပြန်လည်ပါဝင် လာနိုင်ဖွယ်ရှိနေပါတယ်။



ပါတေးကတော့ ပေါင်ခြံ ဒဏ်ရာကြောင့် ၂လနီးပါးခန့် အနားယူနေရသူ ဖြစ်ပြီး ၂လအတွင်းမှာ စပါးကို ၂-၀နဲ့ ရှုံးခဲ့တဲ့ လန်ဒန်ဒါဘီတစ်ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့သူပါ။

ပါတေးအနေနဲ့ စပိန်ကလပ် အက်သလက်တီကိုအသင်းကနေ အာဆင်နယ်ကို ရောက်ရှိလာသည့်အချိန်ကစပြီး ၆ ပွဲသာ ပါဝင်ကစားပေးထားနိုင်ပါတယ်။

“သူ့အနေနဲ့ မတူညီတဲ့ အနေအထားတစ်ခုမှာရှိနေပြီလို့ မြင်ပါတယ်၊အသင်းကို မတူညီတဲ့ အခြေအနေတွေ ယူ ဆောင်လာနိုင်ခဲ့သလို အခု မြင်နေရတာကလည်း သူ့ရဲ့ အရည်အသွေးအစစ်အမှန်တွေ မဟုတ်သေးပါဘူး။ကြံ့ခိုင် မှုကလည်း ဒီလိုပုံစံမျိုး မဟုတ်သလို လက်ရှိ ထင်ရသလို လူမျိုးလည်း မဟုတ်ပါဘူး။”လို့ အာတီတာက ဆိုပါ တယ်။

လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်တဲ့အတွက် ယနေ့ညမှာကစားမယ့် ပဲလေ့စ်နဲ့ပွဲမှာ ပြန် လည်အသုံးပြုခွင့်ရတော့မယ့်အပေါ်မှာလည်း နည်းပြ အာတီတာက စိတ်လှုပ်ရှားနေတယ်လို့သိရပါတယ်။

“သူက သူ့ပတ်ဝန်းကျင်က ကစားသမားတွေကိုပါ ပိုကောင်းအောင် လုပ်ဆောင်နိုင်စွမ်းရှိသူပါ။လောလောဆယ် မှာတော့သူ့ကြောင့် အသင်းကို အကောင်းဆုံး တည်ဆောက်နိုင်ခြင်းမျိုး မရှိသေးပေမယ့် သူ့ကို ကျွန်တော်တို့ ကြံ့ခိုင်မှု ထိန်းပေးထားနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် တကယ့်ကို ဆုလက်ဆောင်ကောင်းတစ်ခု ဖြစ်လာ မှာပါ။”လို့ အာတီတာက ချီးမွမ်းပြောဆိုပါသေးတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းအနေနဲ့ ပါတေးပါဝင်ကစားပေးခဲ့တဲ့ လိဂ် ၅ပွဲမှာ ၁ပွဲသာ နိုင်ပွဲရခဲ့ပေမယ့် မပါဝင်ထားတဲ့ ၁၂ပွဲမှာတော့ ၆ပွဲအထိ နိုင်ပွဲရရှိထားတာကိုလည်း တွေ့မြင်ရပါတယ်။

ဒီအပေါ်မှာလည်း အာတီတာက ပါတေးရဲ့ လုပ်ဆောင်ချက်တွေ အသင်းမှာ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အချိန်တစ်ခု ပေးကာ ပါတေးကို တည်ဆောက်ပေးနိုင်မယ်ဆိုရင် အာဆင်နယ်အတွက် အင်မတန်မှ အကျိုးရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ လိဂ် ၁၇ပွဲကစားပြီးချိန်မှာ ၇ပွဲနိုင် ၂ ပွဲသရေ ၈ပွဲရှုံးပြီး ရမှတ် ၂၃မှတ်နဲ့ အဆင့် ၁၁မှာရပ် တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က