သိန်း(၂၀၀) ကျော် ကုန်သွားပါပြီ။

ဝါရင့်သက်ကြီးလူရွှင်တော်များ အတွက် လူရွှင်တော်အသင်း ဥက္ကဌ ဒိန်းဒေါင် ဦးစီးပြီး သက်ကြီးလူရွှင်တော် ဘိုးဘွားရိပ်သာ ဆောက်လုပ်လျှက်ရှိတယ်လို့ သိရပါတယ်။ 

Photo: Chat Gyi



လူရွှင်တော် ဥက္ကဌ ဒိန်းဒေါင် ဦးဆောင်တဲ့ လူရွှင်တော်အသင်းဟာ အခုဆိုရင် မြောက်ဒဂုံမှာ လူရွှင်တော် ဘိုးဘွားရိပ်သာ ဆောက်လုပ်နေပြီလို့ သိရပါတယ်။ ဒီ ဘိုးဘွားရိပ်သာနဲ့ ပတ်သက်ပြီး အစီအစဉ်အသေး စိတ်ကိုတော့ လူရွှင်တော်အသင်းရဲ့ ဘဏ္ဍာရေးမှူး ချက်ကြီးက Duwunကို ပြောပြခဲ့ပါတယ်။ 

“ မြောက်ဒဂုံက မိဘကျေးဇူးဆပ် ဘုရားမှာ လူရွှင်တော် ဘိုးဘွားရိပ်သာ ဆောက်နေပါတယ်။ အဲဒီမှာ ထားမယ့် ဘိုးဘွားတွေကိုတော့ အသက်အရွယ်အားဖြင့် (၆၅) နှစ် အထက်ပေါ့နော် ကန်တော့ခံဘိုးဘွားတွေထဲမှာ ပါတဲ့ သူတွေ ထားမယ်ပေါ့နော်။ ဒီရိပ်သာမှာအယောက်(၂၀) လောက်တော့ အသာလေး ဆန့်မယ်လို့ မြင်ပါတယ်။လောလောဆယ်တော့ ဘိုးဘွားရိပ်သာမှာ ရန်ကုန်က လူရွှင်တော် သက်ကြီးဘိုးဘွားတွေကို ထားဖို့ရည်ရွယ်ပါတယ်။ နောက်ကျရင်တော့ မော်လမြိုင်၊ ပဲခူး၊ ပြည်၊ မန္တလေး တွေအထိ ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထားတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Chat Gyi

လက်ရှိမှာတော့ ဘိုးဘွားရိပ်သာ ဆောက်လက်စ ကုန်ကျစာရိတ်က သိန်း(၂၀၀) ရှိပြီလို့ ချက်ကြီးက ဆိုပါတယ်။ လာရောက်နေထိုင်ကြမယ့် သက်ကြီးလူရွှင်တော်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်နိုင်ဖို့ Online ရန်ပုံငွေ ရှာနေကြတယ်လို့လည်း ချက်ကြီးက ပြောပါတယ်။ 

" လူရွှင်တော် အသင်းကနေ လုပ်တဲ့ ပရဟိတအလုပ်တွေ အတွက် စပွန်ဆာတွေလည်း လိုအပ်ပါတယ်။ လက်ရှိ ဘိုးဘွားရိပ်သာ ဆောက်လုပ်နေတာကလည်း ကျပ်သိန်း(၂၀၀) ကုန်သွားပါပြီ။ အစအဆုံး ငွေ ဘယ်လောက် ကုန်မလဲဆိုတာတော့ မသိဘူး ထည့်ရင် ထည့်သလောက်တော့ ကုန်သွားမှာပါ။ အခုချိန်မှာ ကျွန်တော်တို့ လူရွှင်တော်အသင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွေ၊ YouTube တွေ လုပ်တယ်ဆိုတာက ဒီ သက်ကြီးဘိုးဘွားတွေ လာနေတဲ့ အချိန်မှာ သူတို့ရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ အတွက် ဝင်ငွေ တစ်ခုအနေနဲ့ Plan ချထားတာပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

Photo: Chat Gyi

အခုလက်ရှိ လူရွှင်တော် အသင်းမှာ တာဝန်ထမ်းဆောင်မယ့် သူတွေကတော့ ဦးဒိန်းဒေါင် (ဥက္ကဌ)၊ ကိုအုန်းသီး (ဒုဥက္ကဌ) ၊ ကိုပိုးလေး (အတွင်းရေးမှူး ၁) ၊ ကိုကံပွင့် (အတွင်းရေးမှူး ၂) ၊ ကိုချက်ကြီး (ဘဏ္ဍာရေးမှူး)၊ ကိုချစ်ချော (စာရင်းစစ်)၊ ကိုမျောက်ရှုံး (စည်းရုံးရေးမှူး)၊ ကို စိစိ နဲ့ ကိုစူပါတို့ကတော့ အဖွဲ့ဝင်တွေ၊ ကိုစိန်ပန်းသီး( ပြန်ကြားရေး)၊ ကိုအောင်ချစ်(တွဲဖက်ပြန်ကြားရေး) အဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချွန်တွန်းပရဟိတ အဖွဲ့ဆိုပြီးတော့လည်း ၂၀၁၉ ခုနှစ်အတွင်းမှာ စတင် ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က