ကပ်ရောဂါကြီးက ပြည်တွင်းမှာ သက်ရောက်ဖြစ်ပွားလာတာနဲ့အမျှ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ချစ်ရသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ငွေကြေးဥစ္စာနဲ့ အသက်ခန္ဓာကျန်းမာရေး စတဲ့ကိစ္စအဝဝဟာ အချိန်မရွေးဆုံးရှုံးသွားနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါကြောင့်ဒီနှစ်မှာတော့ ကျွန်တော်တို့အနာဂတ်အတွက် ငွေကြေးအဆင်ပြေဖို့နဲ့ သီးခြားရပ်တည်နိုင်ဖို့အတွက် နှစ်ဆန်းကတည်းကစပြီး စီစဥ်ရင်တော့အကောင်းဆုံးပဲပေါ့။

သာမန်အားဖြင့် လူလွတ်ဖြစ်တဲ့ကျွန်တော်တို့တွေက အိမ်ထောင်သည်တွေနဲ့ယှဥ်ရင် ပြုစုစောင့်ရှောက်ရမယ့်ကလေးသူငယ်တွေမရှိတဲ့အတွက် ပိုပြီးအပူအပင်ကင်းတယ် လွတ်လပ်တယ်လို့ထင်ကြပါတယ်။

အဲဒါကအမြဲတမ်းမှန်ကန်တဲ့ယူဆချက်တစ်ခုတော့မဟုတ်ပါဘူး။ တကယ်တော့ အိမ်ထောင်မကျသေးတဲ့လူလွတ်တော်တော်များများဟာ ငွေးကြေးအရအဆင်ပြေမှုရဖို့နဲ့ သူတို့ကိုယ်တိုင်အတွက်သာမကဘဲ သူတို့အပေါ်မှီခိုနေတဲ့ သက်ကြီးရွယ်အို မိဘ၊ ဆွေမျိုး ဒါမှမဟုတ် ငယ်ရွယ်နေသေးတဲ့ ဆွေမျိုးသားချင်းတွေရဲ့ အနာဂတ်မှာ ငွေကြေးအရလုံခြုံမှုပေးနိုင်ဖို့အတွက် ရုန်းကန်နေရဆဲပါ။


အခုလို နှစ်သစ်ရောက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ဘဝကို ပိုပြီးကောင်းမွန်ဖို့နဲ့ ပိုကျန်းမာစွာနေထိုင်ဖို့အတွက် ပိုပြီးစမတ်ကျတဲ့ရွေးချယ်မှုတွေလုပ်ဖို့လိုအပ်လာပါပြီ။ လူတော်တော်များများက နှစ်သစ်မှာ ပိုပြီးကျန်းမာတဲ့နေထိုင်မှုပုံစံမှာနေထိုင်ဖို့ကို လုပ်သင့်လုပ်ထိုက်တဲ့အရာအဖြစ် ဆုံးဖြတ်လေ့ရှိကြသလို ပိုမိုခိုင်မာတဲ့ငွေကြေးလုံခြုံမှုရရှိဖို့ဟာလည်း အလားတူအရေးပါပါတယ်။


ပြီးခဲ့တဲ့နှစ်တုန်းက ဒီအချိန်မှာကျွန်တော်တို့အများစုက ငွေကြေးအရလုံခြုံမှုအတွက်ကြိုတင်စီစဥ်သင့်တယ်ဆိုတဲ့အကြောင်းကို သိပ်သတိမထားမိခဲ့ကြပါဘူး။ ဒါပေမဲ့ ကပ်ရောဂါကြီးက ပြည်တွင်းမှာ သက်ရောက်ဖြစ်ပွားလာတာနဲ့အမျှ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ချစ်ရသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ငွေကြေးဥစ္စာနဲ့ အသက်ခန္ဓာကျန်းမာရေး စတဲ့ကိစ္စအဝဝဟာ အချိန်မရွေးဆုံးရှုံးသွားနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါကြောင့်ဒီနှစ်မှာတော့ ကျွန်တော်တို့အနာဂတ်အတွက် ငွေကြေးအဆင်ပြေဖို့နဲ့ သီးခြားရပ်တည်နိုင်ဖို့အတွက် နှစ်ဆန်းကတည်းကစပြီး စီစဥ်ရင်တော့အကောင်းဆုံးပဲပေါ့။


“ငွေကြေးသီးခြားရပ်တည်နိုင်မှု” နဲ့ “ငွေကြေးအဆင်ပြေမှု” တို့ကြားမှာ ကွာခြားချက်ရှိပါတယ်။ ငွေကြေးသီးခြားရပ်တည်နိုင်မှုက သင့်လက်ရှိစားဝတ်နေရေးအပေါ် လုံခြုံမှုနဲ့ တည်ငြိမ်မှုတချို့ကိုပေးနိုင်ရုံသာဖြစ်ပြီး ငွေကြေးအဆင်ပြေမှုကတော့ တကယ့်ရည်မှန်းချက်ပန်းတိုင်လို့ပြောလို့ရပါတယ်။ ငွေကြေးအဆင်ပြေမှုဟာ ကျွန်တော်တို့ဆုံးဖြတ်ချက်ချတွေချတဲ့အခါမှာ ငွေရေးကြေးရေးကြောင့် တွေဝေနေရတာမျိုးမဖြစ်စေဘဲ မိမိရဲ့ငွေကြေးကိုစိတ်ကြိုက်ထိန်းချုပ်သုံးစွဲနိုင်စေပါတယ်။ ဒါဟာ ကျွန်တော်တို့မှာ ဖူဖူလုံလုံစုဆောင်းထားတဲ့အတွက်ကြောင့် တစ်ခါတစ်ရံ မိမိစိတ်တိုင်းကျသုံးစွဲလိုတဲ့အခါမျိုးကျရင်လည်း လွတ်လွတ်လပ်လပ်သုံးနိုင်တာမျိုးကို ဆိုလိုတာပါ။ တကယ်လို့ ဒီလိုငွေကြေးအဆင်ပြေမှုကို ဘယ်သူမဆိုရယူနိုင်တယ်ဆိုရင် သင်ဘယ်လိုသဘောရပါသလဲ။ သင့်အိမ်ထောင်သည်မိတ်ဆွေတွေလို ဝင်ငွေကို နှစ်ဦးနှစ်ဖက် စုဆောင်းလို့ ရတာမျိုးမဟုတ်ပေမဲ့ လူလွတ်အနေနဲ့လည်း ငွေကြေးအဆင်ပြေမှုကိုရရှိနိုင်ပါတယ်။ အစီအစဥ်သေချာရေးဆွဲထားဖို့နဲ့ အကျင့်စရိုက်ကောင်းတွေမွေးဖို့တော့လိုအပ်တာပေါ့နော်။

အသုံးစရိတ်ငွေစာရင်းတစ်ခုပြုစုပြီး သင့်ငွေကြေးအခြေအနေနဲ့ပြန်လည်ချင့်ချိန်ပါ

သင်လတ်တလောအသုံးစရိတ်အားလုံးကို စာရင်းတစ်ခုပြုစုလိုက်ပါ။ သင့်နေထိုင်မှုပုံစံနဲ့ သင့်ဘဝရည်မှန်းချက်ကိုစာရင်းနဲ့တိုင်းပြီး ချင့်ချိန်ကြည့်ပါ။ အသုံးစရိတ်ကို ဘယ်နေရာမှာ လျှော့ချသင့်သလဲ… အကျိုးအမြတ်ဖြစ်ထွန်းအောင်ဘယ်နေရာမှာရင်းနှီးမြှုပ်နှံသင့်သလဲဆိုတာကို သေချာချင့်ချိန်လိုက်ပါ။


အလုပ်ကြိုးစားပါ၊ ပါးနပ်စွာစုဆောင်းမှုပြုပါ၊ ငယ်ရွယ်တုန်း ရင်းနှီးမှုလုပ်ပါ

ဒါက သင်နှစ်သက်တဲ့အရာတွေ၊ ပျော်ရွှင်မှုတွေကို အကုန်လျှော့ခိုင်းတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာတော့မဲ့ အနာဂတ်မှာ ငွေကြေးအဆင်ပြေမှုရဖို့အတွက်ဆိုရင်တော့ အသုံးစရိတ်တချို့ကိုအခုကတည်းကလျှော့ဖို့လိုအပ်ပါလိမ့်မယ်။ ခေတ်ရေစီးကြောင်းနောက်လိုက်သွားတာမျိုးကို မလုပ်ပါနဲ့။ တချို့ပစ္စည်းတွေက သင့်အတွက်တကယ်မရှိမဖြစ်လိုအပ် နေရဲ့လားဆိုတာကို စဥ်းစားဆင်ခြင်တတ်ဖို့က ငွေကြေးအဆင်ပြေမှုရရှိနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းပါပဲ။ ရင်းနှီးမြှုပ်နှံမှုပါလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ လူအများစုကတော့ မိမိစုဆောင်းထားတဲ့ငွေကြေးတွေကို ရွှေ၊ ငွေအဖြစ်ပြောင်းလဲစုဆောင်းတတ်သလို တချို့ကတော့အိမ်၊ခြံ၊မြေ အပိုင်းမှာ ရင်းနှီးမြှုပ်နှံကြလေ့ရှိပါတယ်။


ဘဝရဲ့မသေချာမှုတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ

မထင်မှတ်ထားဘဲ ကြိုတင်မစီစဥ်ထားတဲ့ အသုံးစရိတ်ဟာ သင်ငွေကြေးအဆင်ပြေမှုရရှိဖို့အတွက် အတားအဆီးတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ အစစအရာရာမှာ ကြိုတင်ပြင်ဆင်မှုလုပ်ထားဖို့လိုအပ်တယ်ဆိုတာကို ဒီကပ်ရောဂါကြီးကနေ ကျွန်တော်တို့သင်ခန်းစာရခဲ့ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်များတဲ့ ဆေးဝါးကုသမှုကို ရင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာရေးအာမခံထားရှိဖို့ဟာလည်း အရေးကြီးပါတယ်။ အရေးပေါ်ဆေးဝါးကုသမှုတစ်ရပ်ကို ရင်ဆိုင်လာရတဲ့အခါမှာ အာမခံမရှိရင် ငွေကြေးအရ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာမှာပါ။ သင့်ဝင်ငွေကိုလည်း အသက်အာမခံဝယ်ယူပြီးအကာအကွယ်ရယူဖို့ကလဲ အရေးပါတာပေါ့။ အသက်အာမခံဝယ်ယူထားတဲ့အတွက် ကိုယ်ကိုယ်တိုင်အတွက်သာမကဘဲ သင့်အပေါ်မှီခိုနေသူတွေအတွက်ပါ အကာအကွယ်တစ်ခုထားရှိတဲ့အတွက် သင်စိတ်ချမ်းသာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။ သင့်အနာဂတ်အတွက် လုံလုံခြုံခြုံဖြစ်အောင်စီစဥ်ထားတဲ့အတွက် သင့်ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းသွားနိုင်မှာပါ။


သင့်ကျန်းမာရေးကို ဂရုစိုက်ပါ

သင်ကိုယ်တိုင်က ကျန်းကျန်းမာမာရှိနေမှ ငွေကြေးအဆင်ပြေမှုကို ခံစားနိုင်မှာပေ့ါ။ အဝလွန်ခြင်းနဲ့ ကျန်းမာရေးချို့တဲ့ခြင်းဟာ သင့်အာမခံကြေးကို ထိခိုက်နိုင်တယ်ဆိုတာကို ထပ်မံသတိပေးပါရစေ။ သင့်ကိုယ်သင်ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့ဦး။ ရေများများသောက်ပေးပါ၊ ကျန်းမာအောင်နေထိုင်စားသောက်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

အခုလိုခက်ခဲတဲ့အချိန်ကာလမှာ လူတိုင်းမှာစိုးရိမ်မှုကိုယ်စီရှိနေကြတာ မဆန်းပါဘူး။ ဒါပေမဲ့ သင်သိထားရမှာက ဘဝက ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ ငွေကြေးအဆင်ပြေမှုကို ကြိုးစားရယူနိုင်တယ်ဆိုတာပါပဲ။ ငွေကြေးစီမံခန့်ခွဲမှုစတင်ဖို့အတွက် သင်နောက်မကျသေးပါဘူး၊ နှစ်သစ်ဟာ ခရီးသစ်စဖို့အတွက် အခွင့်အလမ်းပါပဲ။ ၂၀၂၁ နှစ်သစ်မှာအနာဂတ်အတွက် အထောက်အကူပြုမယ့် ငွေကြေးအစီအစဥ်ကိုအခုပဲ ငွေကြေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်လိုက်ပါ။


နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာမိသားစုတွေအတွက် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်ဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife ရဲ့ ကျွမ်းကျင်တဲ့ အာမခံကိုယ်စားလှယ်များနှင့်အာမခံ အကြံပေးပုဂ္ဂိုလ်များက သေချာရှင်းပြပေးမှာပါ။ Manulife ကို မြန်မာနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ပေါ်လစီကို ရောင်းချခဲ့ခြင်းနဲ့အတူ ရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီး မြန်မာ့စျေးကွက်ထဲပြန်လည်ဝင်ရောက်ခဲ့ချိန်ကစလို့ Manulife က မြန်မာနိုင်ငံရှိ တည်ဆဲအာမခံလုပ်ငန်းဥပဒေစည်းမျဉ်းစည်းကမ်းတွေနှင့်အညီလိုက်နာဆောင်ရွက်ပြီး၊ လုပ်ငန်းရှင်တွေနဲ့ အမြဲတမ်း လက်တွဲဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တဲ့ အာမခံအမျိုးအစားတွေကို ဘယ်လိုဖန်တီးအသုံးချရမလဲ ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ Manulife က မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆက်ပြီးကူညီထောက်ပံ့ပေးနေပါတယ်။

Manulife အနေနဲ့ ဘယ်လိုငွေကြေးအစီအစဉ်ကောင်းတွေနဲ့ ကူညီပေးမလဲဆိုတာသိချင်တယ်ဆိုရင်တော့

ဖုန်း - +၉၅ ၉ ၇၆၅၄၆၇၁၀၀

အီးမေးလ် - Customer_Service_MM@manulife.com နှင့်

Manulife Myanmar Facebook page တို့ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Share

Loading Next Article...
က္က