အစိုးရ ၊ ရွေးကော် နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က ဥပဒေနဲ့အညီဖြေရှင်ပေးဖို့ PPPပါတီက တိုက်တွန်းထားပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပါတီက ပြိုင်တဲ့မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်ထိန်းကျောင်းခြင်းလုပ်ငန်းတွေလုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က မဲပေးခြင်းဖြစ်စဉ်မှာ ဥပဒေနဲ့မညီညွတ်တဲ့ တရားမဲ့ပြုကျင့်မှုတွေရှိခဲ့တဲ့အတွက် တိုင်ကြားမှုတွေ ပြုလုပ်ထားပါတယ်။

ဒါပေမယ့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအကြိုကာလ ၊ ရွေးကောက်ပွဲကာလ ၊ ရွေးကောက်ပွဲပြီးဆုံးကာလတွေမှာ ရွေးကောက်ပွဲဝင်ပါတီတွေရဲ့ တိုင်ကြားချက်တွေ ၊ ကန့်ကွက်ချက်တွေကို တုန့်ပြန်ဖြေကြားခြင်းမပြုဘဲ လျစ်လျူရှုနေခဲ့တာတွေက ပြေလည်စွာဖြေရှင်းနိုင်ရမယ့်အစား နိုင်ငံတော်အဆင့် အငြင်းပွားမှုအဖြစ်ကို ဦးတည်လျက်ရှိနေတာ တွေ့ရတယ်လို့ PPPပါတီက ဒီနေ့ ဇန်နဝါရီ ၁၄ရက်မှာ ထုတ်ပြန်လိုက်တာပါ။



၂၀၂၀ရွေးကောက်ပွဲ ဖြစ်စဉ်ရဲ့ တရားမဲ့ပြုကျင့်မှု အကျိုးဆက်တွေအနေနဲ့ မဲစာရင်းအမှားတွေကို တပ်မတော်က စစ်ဆေးတွေ့ရှိထားခြင်း ၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ကြောင်း မကြေညာဘဲ တတိယအကြိမ်လွှတ်တော်ခေါ်ယူလိုက်ခြင်း ၊ ရွေးကောက်ပွဲဝင်ပါတီအချို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်လျှောက်ထားတဲ့အတွက် လွတ်လပ်စွာ တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်စွမ်း ရှိ/မရှိ ပြည်သူက စိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အငြင်းမပွားလိုပေမယ့် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးဖို့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နဲ့ အထက်ဖော်ပြပါ အကျိုးဆက်တွေအတွက် နိုင်ငံတော်အစိုးရ ၊ ရွေးကောက်ပွဲကော်မရှင် ၊ ပြည်ထောင်စုလွှတ်တော်နာယက နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ အလေးအနက်ထားတိုက်တွန်းတောင်းဆိုတယ်လို့ PPPပါတီက ထုတ်ပြန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က