ပိုင်တံခွန်ကတော့ သူ့ရဲ့ အနုပညာကြေးတွေထဲက မိဘတွေကို လစဉ်ထောက်ပံ့ငွေ ပေးအပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။
Photo: Paing Takon
ပိုင်တံခွန်ဟာ မိဘနှစ်ပါးအပေါ် သိတတ်လိမ္မာတဲ့ သားတစ်ယောက်အဖြစ် ပရိသတ်တွေ သိပြီးသား ဖြစ်မှာပါ။ သူဟာ သူ့ရဲ့ အနုပညာကြေးက ရတဲ့ ငွေကြေးတွေထဲကမှ မိဘနှစ်ပါးအတွက် လစဉ်ထောက်ပံ့ကြေးငွေတွေ ပေးအပ်နေတုန်းပဲလို့ ဆိုပါတယ်။
" ကျွန်တော်က နည်းနည်းတော့ လောဘကြီးတယ်။ မိဘတွေကိုဒီဘဝမှာလည်းပြည့်စုံစေချင်တယ်
သံသရာမှာလည်းပြည့်စုံစေချင်တယ်။ ဒါက အဖေ နဲ့ အမေ ရဲ့ သံသရာ မှာပါမယ့် ကုသိုလ်ရေးတွေလုပ်ဖို့အတွက် ကျွန်တော့်ရဲ့ လစဉ်ထောက်ပံ့ကြေးငွေပါ။ မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့ချိန်မှာ သူတို့လက်နဲ့ သူတို့ကိုယ်တိုင်လှူဒါန်းလို့ရအောင်ပါ" ဆိုပြီးတော့ ငွေအထပ်လိုက်စီထားပြီး ဖခင်ဖြစ်သူကို ကန်တော့နေတဲ့ အမှတ်တရ ဓာတ်ပုံလေးကို ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Paing Takon
ဒါ့အပြင် ယင်း ဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း ပိုင်တံခွန်က သူ့ Post အောက်က Commenetလေးမှာ ပရိသတ်ကို ပြန်လည် ပြောပြထားတာ တွေ့ရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သားယောကျ်ားကို ဆံချ ရဟန်းခံစေတာ မိဘတွေအနေနဲ့ သိပ်ကုသိုလ်ရတဲ့ အလုပ် ပါ။ ဒါကြောင့် မိဘတွေ သက်ရှိထင်ရှားရှိနေချိန် ကျနော်မြတ်နိုးတဲ့ ဆံပင်ကို စွန့်လွှတ်ပြီး ရဟန်းခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီပုံလေးက ကျွန်တော် ရဟန်းမဝတ်ခင်က မိဘတွေ ကုသိုလ်ပြုရအောင် ကန်တော့ခဲ့တဲ့ ပုံလေး ပါ" ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာပါ။
Photo: Paing Takon
ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။