လီဗာပူးလ်နဲ့ပွဲမတိုင်ခင် ပြောခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကတော့ လီဗာပူးလ်နဲ့ စုစုပေါင်း ၈ ပွဲအထိ ရင်ဆိုင်ထားခဲ့ဖူးပြီး ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရလဒ်အားဖြင့်တော့ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးကာ ငါးပွဲသရေကျထားခဲ့ပြီး အဝါကတ်သုံးကြိမ်အထိ ပြသခံခဲ့ရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ 


စူပါဆန်းဒေးရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ပွဲမတိုင်ခင်မှာ ယူနို်က်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က လီဗာပူးလ်၊ မန်စီးတီးတို့လိုအသင်းတွေကို ဂိုးသွင်းရတာလောက် ချိုမြိန်တာမျိုးက ဘယ်မှာမှမရှိဘူးလို့ ပြောဆိုလို်က်ပါတယ်။ ဒါဟာ အင်္ဂလန်ဒါဘီလို့တင်စားခံထားရတဲ့ လီဗာပူးလ်နဲ့ ယူနိုက်တက်ပွဲကို ပိုပြီးတော့ ရုပ်လုံးကြွလာစေခဲ့ပြီလည်းဖြစ်ပါတယ်။ 



လက်ရှိမှာ ယူနိုက်တက်က လီဗာပူးလ်ကို ၃ မှတ်အသာစီးရယူထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အောက်က အသင်းတွေနဲ့ အမှတ်ကွာဟမှုကလည်း နည်းပါးနေတာကြောင့် ဒီပွဲဟာ သူတို့နှစ်သင်းအတွက် ဖိအားတွေရှိနေပြီး လက်ရှိအဆင့်မှာ ဆက်လက်ရှိနေဖို့နဲ့ အောက်အသင်းတွေနဲ့ အမှတ်ကွာဟမှုကို ထိန်းထားနိုင်ဖို့ အရေးပါနေပြီဖြစ်ပါတယ်။ 

ဒီပွဲနဲ့ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်က "လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ဂိုးသွင်းရတာထက် ပိုပြီးကောင်းတဲ့ပွဲဆိုတာ မရှိပါဘူး၊ မန်ချက်စတာက ကလေးတစ်ယောက်အတွက်တော့ ဘယ်အရာကမှ သာယာတယ်ဆိုတာတော့မရှိပါဘူး၊ ဒီလိုပွဲမျိုးက ကျွန်တော် အတိအကျစောင့်ဆိုင်းနေတဲ့ ပွဲမျိုးပေါ့ဗျာ၊ ကျွန်တော်တို့ အနိုင်ရမယ်လို့လည်း မျှော်လင့်ထားပါတယ်"

"တကယ်လို့ အဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ နဲ့ ပြီးဆုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်မှာမဟုတ်ပါဘူး၊ ဒီလိုပြီးဆုံးသွားဖို့အတွက် ရာသီအစကတည်းက ကျွန်တော်တို့ကြိုးစားခဲ့တာမဟုတ်ပါဘူး၊ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဂိုးသွင်းနိုင်ပါတယ်၊ ဒါပေမယ့် ဒီထက်ပိုပြီးတော့ကောင်းနိုင်သမျှကောင်းအောင် ကျွန်တော်တို့ကြိုးစားရမှာပါ" လို့ ရက်ရှ်ဖို့ဒ်က ပြောခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကတော့ လီဗာပူးလ်နဲ့ စုစုပေါင်း ၈ ပွဲအထိ ရင်ဆိုင်ထားခဲ့ဖူးပြီး ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရလဒ်အားဖြင့်တော့ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးကာ ငါးပွဲသရေကျထားခဲ့ပြီး အဝါကတ်သုံးကြိမ်အထိ ပြသခံခဲ့ရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ 

Share

က္က