ဂီတအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပြီဖြစ်တဲ့ အဆိုတော် N ကိုင်ရာကတော့ ခင်ပွန်းဖြစ်သူ ကိုဘုန်းအောင် နဲ့ မင်္ဂလာသက်တမ်း(၇) နှစ်ပြည့်ခဲ့ပြီလို့ဆိုပါတယ်။
Photo: Nကိုင်ရာ
အဆိုတော် Nကိုင်ရာ ကတော့ ခင်ပွန်းဖြစ်သူ ကိုဘုန်းအောင် နဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှာ မင်္ဂလာသက်တမ်း (၇) နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ မင်္ဂလာသက်တမ်း အမှတ်တရနေ့လေး အတွက် Nကိုင်ရာက အခုလို ပြောခဲ့ပါတယ်။
" ဒီဘီးကြဲနဲ့ ဆုံခဲ့တာ ၉နှစ်၊ ဒီဘီးကြဲနဲ့ ဘဝတစ်ခုစခဲ့တာ ၇နှစ်၊ အချိန်တွေက မြန်လိုက်တာဆိုပြီး ကြည့်လိုက်ရင် အသဲပုတူး နှစ်ယောက်တောင် ရှိနေပြီ။ ရှေ့ဆက်ဖို့အတွက်.... fighting ပါ ယောင်ပူး. Happy Anni" ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Nကိုင်ရာ
N ကိုင်ရာဟာ " မဝေးတဲ့ ချစ်ခြင်း" ၊ " သိမ်းထားခွင့်" ၊ " ကိုယ်မညာတော့ဘူး" ဆိုတဲ့ သီချင်းလေးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အချစ်သီချင်းအေး အေးလေးတွေကိုသာ အမြဲတမ်း သီဆိုတတ်တဲ့သူဖြစ်တာကြောင့် မိန်းကလေး ပရိသတ်အများဆုံး ရရှိထားတဲ့ အမျိုးသမီး အဆိုတော်တွေထဲက တစ်ဦး အပါအဝင်ဆိုလည်း မမှားပါဘူး။ အခုဆိုရင်တော့ သူမဟာ ဂီတသက်တမ်း (၁၀) နှစ်ရှိပြီဖြစ်ပါတယ်။
Photo: Nကိုင်ရာ
N ကိုင်ရာဟာ ခင်ပွန်းဖြစ်သူ ကိုဘုန်းအောင်နဲ့ ချစ်သူ သက်တမ်း (၂) နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။၂၀၁၄ ခုနှစ်မှာတော့ သူတို့ နှစ်ဦးဟာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာပဲ ကချင်ရိုးရာ အတိုင်း မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အသက် (၄) နှစ်ကျော်အရွယ် သားလေးနဲ့ ၂ နှစ်ကျော်အရွယ် သမီးလေး တစ်ဦးကို ပိုင်ဆိုင်ထားရင်း ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ တွေ့ရပါတယ်။ ဂီတအလုပ်တွေနဲ့ အနည်းငယ် ဝေးကွာနေပြီဖြစ်တဲ့ N ကိုင်ရာ ကိုတော့ အခုချိန်ထိအားပေးတဲ့ ပရိသတ်တွေကလည်း အများကြီး ရှိလို့နေပါတယ်။