အစကတည်းက လူကြောက်တတ်တယ်။

သူဇာဝင့်လွင်ဟာ အလှမယ်တစ်ယောက်အနေနဲ့ ယုံကြည်ချက်ရှိရှိ ဖြတ်သန်းနိုင်ဖို့ အတွက် အစ်မဖြစ်သူ မေ ဆီကနေ သင်ယူနေတယ်လို့ ပြောပါတယ်။ 

Photo: May



သူဇာဝင့်လွင်ကတော့ အဆိုတော်၊ သရုပ်ဆောင် မေ ရဲ့ ညီမအရင်းလေး ဖြစ်ပါတယ်။ သူမဟာ Miss Universe Myanmar 2020 ဆုကို ဆွတ်ခူးထားသူပါ။ ဒါကြောင့် ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် အစ်မဖြစ်သူ မေ့ ဆီကနေ အကြံဉာဏ်တွေ အများကြီး ရတယ်လို့ ဆိုပါတယ်။ 

“ သူဇာက ဒီလောကမှာ Photoshot လောက်ပဲ လုပ်တာ လူတွေကိုလည်း ကြောက်တဲ့ သူပေါ့နော်။ ဒါပေမယ့် ကိုယ်က အလှမယ် ပြိုင်မယ်လို့ ပြောတဲ့အချိန်မှာ လူတွေကို မကြောက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့၊ ပြီးတော့ အင်တာဗျူးတွေ ဖြေရင်လည်း ဘယ်လိုဖြေရယ်၊ လူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ် ဆိုတာတွေကိုလည်း အစ်မက သင်ပေးပါတယ်။ ညီမ ငယ်ငယ်တုန်းကဆိုရင် အစ်မက မော်ဒယ်ပြိုင်ပွဲတွေ သွားပြိုင်ရင် ရင်ခုန်ခဲ့ရဖူးတယ်။ အခုလည်း ပြိုင်ပွဲအတွက် လေ့ကျင့်နေရတဲ့ အချိန်မှာ သူကလည်း ညီမကို သင်ပေးနေတာတွေရှိတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: May

သူဇာဝင့်လွင်နဲ့ မေ တို့ ညီအစ်မနှစ်ဦးဟာ ရုပ်ချင်းလည်း အရမ်းဆင်တယ်လို့ ပရိသတ်တွေက ပြောထားကြပါတယ်။ ဒါကြောင့် သူဇာဝင့်လွင်က သူတို့ ညီအစ်မနှစ်ဦးမှာ ရုပ်ရည်သာမက နောက်ထပ် တူတဲ့ အကျင့်လေးတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ 

“ သူနဲ့ ကိုယ်နဲ့ကို ပရိသတ်တွေက အသံကအစ တူတယ်လို့ပြောကြတယ် ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ကျတော့ မတူဘူးလို့ခံစားရပါတယ်။ နှစ်ယောက် အတူတူ ဓာတ်ပုံရိုက်ရင်လည်း အရမ်းတူတယ်လို့ပြောကြတယ်။ သူနဲ့ကိုယ် တူတဲ့အချက်က အစားအသောက် ချေး(ဂျီး)များတာ၊ အဝတ်အစား ပုံစံကြိုက်တာတွေတူတယ်။ ညီမက ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း နေတတ်တဲ့သူ၊ သူကတော့ ကိုယ့်ခံစားချက်ကို သူများကို လိုက်ပြောတတ်တဲ့သူထဲမှာပါတယ်။ ဒါလေးတော့ ကွာတယ်။ ညီမက အခုချိန်မှာ သရုပ်ဆောင်ရော၊ အဆိုတော်ရော လုပ်ဖို့ စီစဉ်ထားတာ မရှိသေးဘူး၊ ဝါသနာ မပါတာလည်း ဖြစ်မှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: May

သူဇာဝင့်လွင်ကတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့ ညက ပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2020 ပွဲမှာ Winner ဆုကို ပိုင်ဆိုင်သွားတဲ့ အလှမယ် တစ်ဦးဖြစ်ပါတယ်။ ဒီပြိုင်ပွဲ တစ်လျှောက်လုံးမှာလည်း သူမကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်မယ့် ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရသလို ကြော်ငြာလေးတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က