အင်္ဂလန်မှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့်ပါ။

ကိုဗစ်ကူးစက်မှုနှုန်းတွေ မြင့်တက်လာလို့ မလိုအပ်ပဲ လက်ဆွဲနှုတ်ဆက်တာ၊လက်ဝါးရိုက်တာ၊ပုခုံးဖက်တာတို့ကို တားမြစ်လိုက်တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားအတွေအနေနဲ့ ဂိုးသွင်းယူအပြီး အသင်းဖော်တွေ စုပေါင်း အောင်ပွဲခံတာတွေ၊ လက်ချင်း ပုတ်တာတွေ၊လက်ဆွဲနှုတ်ဆက်တာတွေကို လုပ်ခွင့်မရှိတော့ပါဘူး။



အဓိကကတော့ ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်နေချိန်မှာ ဘောလုံးပွဲတွေကို သတ်မှတ်စည်းမျဥ်းတွေနဲ့ ဆက်လက် ကစားခွင့်ပြုထားပေမယ့် တတ်နိုင်သမျှ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို လျော့ချနိုင်ဖို့ ရည်ရွယ်ပြီး အခုလို တားမြစ် လိုက်တာလို့ သိရပါတယ်။

ယခုတစ်ပတ်ကစားမယ့် ဖူဟမ်၊မန်စီးတီး၊ယူနိုက်တက်နဲ့ရှက်ဖီးလ်အသင်းတို့ရဲ့ ပွဲစဥ်တွေကနေ စတင်ပြီး ဂိုးသွင်း ယူအပြီးမှာ ကစားသမားတွေ စုဝေးအောင်ပွဲခံခွင့်မရှိတော့ဘူးလို့သိရပါတယ်။

“ကိုဗစ် သတ်မှတ်ချက်စည်းမျဥ်းတွေကို ပိုမို ခိုင်မာစေဖို့ ကစားသမားတွေအနေနဲ့ မလိုအပ်ပဲ လက်ဆွဲနှုတ်ဆက် ခြင်း၊လက်ဝါးရိုက်ခြင်းနဲ့ဖက်ခြင်းတို့ကို ရှောင်းရှားရပါမယ်။”လို့ ပရီးမီးယားလိဂ်ရဲ့ အမှုဆောင်ချုပ် ရစ်ချက်မာစ တာက ရေးသားဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်နည်းတူ အမျိုးသမီး စူပါလိဂ်အနေနဲ့လည်း အလားတူ ထုတ်ပြန်ချက်ကို လိုက်နာရမှာ ဖြစ်ပြီး ကလပ် အသင်းအသီးသီးရဲ့အကယ်ဒမီကျောင်းတွေအထိ ပါဝင်နေပါတယ်။

လိဂ်ရဲ့ ထုတ်ပြန်ချက်အပေါ်မှာတော့ ကစားသမားတွေဟာ နားလည်ရခက်နေကြပြီး အမည်မဖော်လိုသူ ပရီးမီး ယားလိဂ် ကစားသမားတစ်ဦးကလည်း - “ဒီစည်းမျဥ်းကို လိုက်နာဖို့ အတော်လေး ခက်ခဲပါတယ်၊ကျွန်တော်တို့ဟာ ကိုဗစ်စည်းကမ်းနဲ့အညီ မကြာခဏဆိုသလို ဆေးစစ်နေကြပြီး ကိုဗစ်မရှိမှ ကစားခွင့်ရတာပါ။ဒီလို အသင်းနဲ့ ပူး ပေါင်းနေချိန်မှာ ကျွန်တော်တို့ အားလုံးဟာ အတူတူ ရေချိုးတယ်၊အတူတူအဝတ်လဲတယ်၊လေ့ကျင့်တယ်၊ထိတွေ့ တယ်။ဝန်ထမ်းတွေအပါအဝင် လေယာဥ်ပေါ်မှာဆိုလည်း အတူတကွပဲ၊ပွဲထဲကျမှ အောင်ပွဲမတူ မခံရဘူးဆိုတော့ ဒါဟာ လက်တွေ့ဆန်ပါ့မလား မပြောတတ်တော့ပါဘူး။”လို့ BBC SPORTကိုပြောခဲ့ပါတယ်။

မနေ့က ကစားသွားတဲ့ မန်စီးတီး ၁-၀ ဘရိုက်တန်ပွဲမှာတော့ ဂိုးသွင်းယူအပြီး မန်စီးတီး ကစားသမားတွေ အတူတကွ အောင်ပွဲ ခံခဲ့ကြတာဟာ လက်ရှိကာလမှာ နောက်ဆုံးမြင်တွေ့ရတဲ့ အောင်ပွဲခံမှုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ယနေ့ မနက်မှာမှ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပဲလေ့စ်တို့ပွဲမှာတော့ ဂိုးမရှိသရေကျခဲ့လို့ အောင်ပွဲခံစရာ မလိုခဲ့တာကြောင့်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က