မန်ဒက်ဟာ ရော်နယ်ဒိုကို ဘောလုံးလောကထဲ ယူဆောင်လာပေးသူပါ။

မန်ဒက်ဟာ အာဆင်နယ်အသင်းအတွက် နည်းပြ တစ်ဦးရှာဖွေနေချိန်မှာပဲ ဝုလ်နည်းပြကြီး နူနိုအတွက်လည်း အသင်းသစ်တစ်သင်းကို ကြိုးပမ်းချိတ်ဆက်ပေးနေရပြီလို့သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းကို ရလဒ်ပိုင်း တည်ငြိမ်မှုရှိအောင် မစွမ်းဆောင်ပေးနိုင် ဖြစ်နေတဲ့ နည်းပြ အာတီ တာနေရာမှာ အခြား နည်းပြတစ်ဦးနဲ့ အစားထိုးဖို့ ရည်ရွယ်ထားပြီး ယခုအခါ စူပါအေးဂျင့် ဂျော့မန်ဒက်ကို နည်းပြ သစ်တစ်ဦးရှာဖွေဖို့ အလုပ်အပ်လိုက်ပြီလို့သိရပါတယ်။



ဒါပေမယ့်လည်း အာတီတာဟာ မကြာသေးခင်က အာဆင်နယ်အသင်းကို ရလဒ်တွေပြန်ကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် မန်ဒက်နဲ့ ဆွေးနွေးနေမှုကို ရပ်ဆိုင်းထားတယ်လို့လည်း The Sun သတင်းဌာနက ဖော်ပြလာပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းကို နောက်ဆုံး ကိုင်တွယ်ထားတဲ့ ၅ပွဲမှာ ရှုံးပွဲလုံးဝမရှိအောင် စွမ်းဆောင်ပေး ထားနိုင်ပြီး လိဂ် ၄ပွဲမှာ ၃ပွဲနိုင် ၁ပွဲသရေကျထားပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း နယူးကာဆယ်အသင်းကို ၂-၀နဲ့ အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်လှမ်းထား နိုင်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ အခြေအနေမကောင်းရင်တော့ နည်းပြသစ်တစ်ဦးရှာဖို့ မန်ဒက်နဲ့ လက်တွဲ ထားပြီဖြစ်လို့ မန်ဒက်အနေနဲ့ ကြိုတင် စာရင်းတင်သွင်းနိုင်အောင် နည်းပြတွေကို စတင်စုဆောင်နေပြီလို့လည်း ဆိုနိုင်ပါတယ်။

မန်ဒက်ဟာ တစ်ချိန်တည်းမှာပဲ ဝုလ်နဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပေမယ့် စိန်ခေါ်မှုအသစ်တွေကို လိုချင်နေတဲ့ နည်းပြ နူနိုအတွက်လည်း ကလပ်အသင်းတစ်သင်းကို ရှာဖွေပေးနေရတယ်လို့သိရပါသေးတယ်။

မန်ဒက်စ်ကတော့ စူပါအေးဂျင့်ဖြစ်နေရခြင်းမှာ ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုနဲ့ ကမ္ဘာကျော် နည်းပြ မော်ရင်ဟိုအပါအဝင် အခြားသော ကမ္ဘာ့ နာမည်ကျော် ကစားသမားနဲ့ နည်းပြပေါင်းများစွာကို ဘောလုံးစင်မြင့် ထက် ယူဆောင်ပေးလာနိုင်သူ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

သူဟာ မကြာသေးမီကလည်း Globe soccer award ရဲ့ ၁၀စုနှစ်အကောင်းဆုံး အေးဂျင့်ဆုကို လက်ခံရရှိထားသူ လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က