(၂၀၂၀)ခုနှစ် ဒီဇင်ဘာလက စပြီး (၂၀၂၁)ခုနှစ်မတ်လအထိ ခံစားခွင့်ပြုခဲ့တာပါ။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တာဝန်ကျနေတဲ့ အစိုးရဝန်ထမ်းတွေကို လစာရဲ့ နှစ်ဆ ကို (၄)လဆက်တိုက် ခံစားခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

(၂၀၂၀)ခုနှစ် ဒီဇင်ဘာလက စလို့ (၂၀၂၁)ခုနှစ်မတ်လအထိ ခံစားခွင့်ပြုမှာဖြစ်ပြီး ပလက်ဝမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့်နဲ့ ကုန်ပစ္စည်းတွေဈေးနှုန်းတွေကြီးနေတာကြောင့် အခုလို ခံစားခွင့်ပြုတာဖြစ်တယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က Duwun ကိုပြောပါတယ်။ 



“ ပလက်ဝက ဝန်ထမ်းတွေကို အထူးကိစ္စရပ်တစ်ခုအနေနဲ့ ခံစားခွင့်ပြုတာပေါ့။ ဒေသကလည်း ဝေးလံခေါင်သီတဲ့အပြင် တိုက်ပွဲတွေလည်းဖြစ်နေတော့ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့်ရအောင်လုပ်ပေးတဲ့သဘောပါ။ ဒီကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ကဆုံးဖြတ်တယ်။ ဒီဇင်ဘာလကနေ မတ်လအထိဆိုတော့ (၄)လဆက်တိုက် အကျိုးခံစားခွင့်ရှိမှာပေါ့” လို့ ဦးပေါင်လွန်မင်းထန်က ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့က ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုဖြစ်သလို ကုန်ဈေးနှုန်းလည်းအဆမတန်မြင့်တက်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ ဆန်တစ်အိတ်ကို တစ်သိန်းနီးပါးတဲ့ ဝယ်စားနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိပလက်ဝမြို့မှာ အစိုးရဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းဦးရေ (၃,၀၀၀)ဝန်းကျင်ခန့်ရှိပြီး အခုလို အကျိုးခံစားခွင့်ပြုတာက ဝန်ထမ်းတွေအတွက် ယခင်ထက်ပိုပြီး အဆင်ပြေလာနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က