အားဖြည့်အချိုရည်အတုပြုလုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။

မန္တလေးမြို့မှာ M-150 အားဖြည့်အချိုရည်အတုပြုလုပ်နေတဲ့နေအိမ်တိုက်ခန်းတစ်ခုကို သတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့ကဝင်ရောက်စစ်ဆေးခဲ့ရာမှာ နေအိမ်တိုက်ခန်းအတွင်း သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိနိုင်ခဲ့တယ်လို့သိရပါတယ်။

ပုံစာ- အချိုရည်အတုလုပ်မှုနဲ့စပ်လျဉ်းပြီးဖမ်းဆီးရမိထားတဲ့ပစ္စည်းများ။ ဓာတ်ပုံ- ဇော်လင်းဦး(အောင်/စံ)

မန္တလေး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ၆၂ လမ်း၊ ၁၆ လမ်းနဲ့ ၁၇ လမ်းကြားက ဦးပီကူးမား(အသက် ၆၅ နှစ်)ရဲ့နေအိမ်တိုက်ခန်းမှာ အားဖြည့်အချိုရည်အတုတွေ ပြုလုပ်နေတယ်ဆိုတဲ့သတင်းအရ ဇန်နဝါရီလ ၁၄ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစု၊ မန္တလေးခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစိတ်၊ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့၊ အောင်မြေသာစံမြို့နယ်အမှတ်(၁)နယ်မြေရဲစခန်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ သက်သေရပ်ကွက်အုပ် ချုပ်ရေးတာဝန်ရှိသူတွေနဲ့တူ ဝင်ရောက်စစ်ဆေးခဲ့တာကနေ သက်သေခံပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။



ပုံစာ- အချိုရည်အတုလုပ်မှုနဲ့စပ်လျဉ်းပြီးဖမ်းဆီးရမိထားတဲ့ပစ္စည်းများ။ ဓာတ်ပုံ- ဇော်လင်းဦး(အောင်/စံ)

"ကုမ္ပဏီဘက်ကအမှုလာမဖွင့်သေးလို့အမှုမဖွင့်သေးပါဘူး၊ သူတို့လည်းတိုင်ပင်နေတုန်းဖြစ်မှာပါ၊ အမှုမဖွင့်သေးပါဘူး၊ လောလောဆယ်တော့ ကျွန်တော်တို့သက်သေခံပစ္စည်းတွေသိမ်းထားပါတယ်၊ သူတို့လာဖွင့်မှအမှုဖွင့်ရမှာပါ"လို့ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိဒုရဲအုပ်အောင်ကျော်မျိုးကပြောပါတယ်။

ပုံစာ- အချိုရည်အတုလုပ်မှုနဲ့စပ်လျဉ်းပြီးဖမ်းဆီးရမိထားတဲ့ပစ္စည်းများ။ ဓာတ်ပုံ- ဇော်လင်းဦး(အောင်/စံ)

ဖော်ထုတ်ဖမ်းဆီးမှုအရ ဦးပီကူးမားရဲ့နေအိမ်တိုက်ခန်းအပေါ်ထပ် ၄ လွှာမှာ အားဖြည့်အချိုရည်ထုတ်လုပ်တဲ့နေရာမှာအသုံးပြုတဲ့ဘွိုင်လာအိုး ၃ အိုး၊ ဖျော်စပ်ရာမှာအသုံးပြုတဲ့လှောင်ကန်အကြီးတစ်ခုနဲ့အတူ အချိုရည်အတုပြုလုပ်တဲ့နေရာမှာအသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိမှုနဲ့စပ်လျဉ်းတဲ့သက်သေခံပစ္စည်းတွေကို ရဲတပ်ဖွဲ့ကရှာဖွေပုံစံနဲ့သိမ်းဆည်းပြီး အမှုဖွင့်နိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က