Celebrity Boxing Exhibition ပွဲမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ပွင့်နဒီမောင်ကတော့ Celebrity Boxing Exhibition ပွဲအတွက် ဂျင်းနီနဲ့ အပြိုင်ထိုးနိုင်ဖို့ Boxing လေ့ကျင့်နေပြီလို့ ပြောပါတယ်။ 

Photo: HSA



Burmese Street Boxing ကနေ ဦးဆောင်ကျင်းပမယ့် Celebrity Boxing Exhibition ပွဲမှာ သရုပ်ဆောင် ဂျင်းနီ နဲ့ ပွင့်နဒီမောင်တို့က ပါဝင်ယှဉ်ပြိုင် ထိုးသတ်သွားမယ်လို့ သိရပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ကြိုတင်လေ့ကျင့်နေရတာတွေကို ပွင့်နဒီမောင်က Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ Boxing ထိုးတာကလည်း ကိုယ်ကြိုက်တဲ့သူကို ရွေးလို့မရဘူး။ ကိုယ်နဲ့လည်း ဝိတ်တန်းညီမှ ထိုးလို့ရတာလေ အဲဒီတော့ ပိုးအိနဲ့ ဂျင်းနီတို့ နှစ်ယောက်ကျတော့ မဆိုးဘူးလေ။ ဘယ်သူနိုင်မယ်လို့ထင်လဲ။ အခုတော့ လေ့ကျင့်ရေးတွေ ဆင်းနေရပြီ ပိုးအိနဲ့Boxing ဆိုတာ တအားဝေးလွန်းတယ်။ ဒါက ကုသိုလ်ယူတဲ့ ပွဲဆိုတော့ အတတ်နိုင်ဆုံးတော့ အဆင်ပြေပြေဖြစ်အောင် ကြိုးစားနေတယ်။ တောက်လျှောက် လေ့ကျင့်ရေး ဆင်းနေရတာဆိုတော့ အဆင်ပြေပါတယ်” လို့ သူက ဆိုပါတယ်။  

Photo: Pwint Nadi Mg

Celebrity Boxing Exhibition ပွဲဟာ ပရဟိတ ပွဲဖြစ်တာကြောင့် ကုသိုလ်ရေးတစ်ခုအနေနဲ့ ပါဝင်ခဲ့တာလို့ ပွင့်နဒီမောင်က ပြောပါတယ်။ Boxing အတူတူထိုးမယ့် ပြိုင်ဘက်ဖြစ်တဲ့ ဂျင်းနီကလည်း သူမကို ကြောက်နေပြီလို့ သဘောကျရယ်မောရင်း ပြောခဲ့ပါသေးတယ်။ 

“ သူကတော့ အမြဲပြောတယ် မပိုးအိ မမှားနဲ့နော်၊ အရမ်းမလုပ်နဲ့နော် ဆိုပြီးပြောတယ်။ သူက ကိုယ့်အကြောင်း သိနေတော့လည်း ပြောတယ်။ ဘာလို့လဲဆိုတော့ ပိုးအိက ဘယ်ညာတွေ အရမ်းခတ်တယ်။ ဘယ်ညာတောင် အရမ်းမှားတဲ့ သူဆိုတော့ အစ်မနဲ့ ထိုးရမှာ အရမ်းကြောက်တယ်တဲ့။ တကယ်တော့ ထိုးမယ့်ပွဲက Charity ပါ။ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ ပြန်လှူမှာဆိုတော့ သူဌေးတော်တော်များများလည်း လှူဒါန်းနေရတာ ခြေကုန်လက်ပန်းကျနေကြပြီဆိုတော့ ဒီလို ကဏ္ဍလေးမှာ ပိုးအိတို့က တစ်ထောင့်တစ်နေရာက ပါဝင်ကူညီမယ် ဆိုတဲ့ စိတ်နဲ့ ပါဝင်ခဲ့တယ်။ တော်တော် များများလည်း ပါတယ်လို့ ကြားတယ် မိန်းကလေးအတွဲကတော့ ပိုးအိနဲ့ ဂျင်းနီတို့ အတွဲပဲ ရှိတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Jenny

Celebrity Boxing Exhibition ပွဲမှာတော့ အဆိုတော် မိုးမိုး ၊ အဆိုတော် နိုဗန်ထူး၊ အဆိုတော် ကျားပေါက်၊ အဆိုတော် J Me ၊ အဆိုတော် J Fire ၊ သရုပ်ဆောင် မိုးအောင်ရင်၊ အဆိုတော် ရဲနောင်၊ သရုပ်ဆောင် ထူးခြား၊ သရုပ်ဆောင် ပွင့်နဒီမောင်နဲ့ အဆိုတော် Jenny စတဲ့ အနုပညာရှင်တွေက ပါဝင်ယှဉ်ပြိုင်သွားကြမယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ (ပထမပတ်) ထဲမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က