ဖာနန်ဒက်စ်အတွက် ယခုပွဲဟာ ယူနိုက်တက်ကစားသမားအဖြစ်နဲ့ လီဗာပူးကို ပထမဆုံး ရင်ဆိုင်ရမှာပါ။

ဒီနှစ်မှာ ယူနိုက်တက်အသင်း လိဂ်ချန်ပီယံ ဖြစ်ခဲ့ရင် စုစုပေါင်း အမှတ်ပေးဖလား ၂၁ကြိမ်ထိ ဆွတ်ခူးနိုင်ပြီ ဖြစ်ကာ လီဗာပူးကတော့ ၁၉ကြိမ်နဲ့ ဒုတိယနေရာမှာသာ ကျန်ရစ်နေဦးမယ်လို့ ဖာနန်ဒက်စ်က ထောက်ပြ ပြောဆိုလာပါ တယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကတော့ အနီးကပ်ဆုံး ပြိုင်ဖက် ဖြစ်တဲ့ လီဗာပူးအသင်းကို ကျော်ဖြတ်ပြီး ယခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူချင်တယ်လို့ ထုတ်ဖော်ပြော လာပါတယ်။



ယနေ့ညမှာတော့ ယူနိုက်တက်နဲ့လီဗာပူးအသင်းတို့ဟာ လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် ရင်ဆိုင်ကစားရဖို့ရှိပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ၃မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ဂိုးကွာခြားချက်မှာ လီဗာပူး က အသာရထားလို့ ယခုပွဲမှာ အနည်းဆုံး သရေ တစ်မှတ်ရရှိအောင်ကစားနိုင်ပါမှ အဆင့် ၁ကနေ မဖယ်ပေး ရမှာပါ။

လီဗာပူးကတော့ မနေ့ညက လက်စတာအသင်း အနိုင်ရခဲ့လို့ အဆင့် ၂နေရာကို လွှဲပြောင်းပေးထားရပြီး အဆင့် ၃မှာ ရပ်တည်နေရတာကြောင့် အဆင့် ပြန်လည်မြင့်မားနိုင်ဖို့ဆိုရင် အိမ်ကွင်းမှာ ယူနိုက်တက်ကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေတာပါ။

“ကိုယ့်ရဲ့ ပြိုင်ဖက်ကို ဘယ်တော့မှ ကိုယ်နဲ့ အဆင့်မတူစေချင်ကြပါဘူး။နောက်တစ်နေ့မှာ သူငယ်ချင်းတွေနဲ့ စကားပြောကြမယ့် လီဗာပူးပရိသတ်တွေအတွက် ဒီနေ့ညမှာ အရှုံးထက် အနိုင်ရလဒ်ရပါမှ ပိုကောင်းနိုင်ပါလိမ့် မယ်။”လို့ ဖာနန်ဒက်စ်က ဆိုလိုက်ပါတယ်။

တကယ်တော့ မိမိပြိုင်ဖက်ကို မိမိနဲ့ အဆင့်တူမှာကို စိုးရိမ်တယ်ဆိုတဲ့စကားဟာ အခုပွဲတစ်ပွဲတည်းကို ရည်ညွှန်း တာမဟုတ်ပဲ ယခုနှစ်မှာ လီဗာပူးအသင်း ချန်ပီယံထပ်ဖြစ်မှာကို စိုးရိမ်တာသာ ဖြစ်ပါတယ်။

“ဒီနှစ်မှာ ကျွန်တော်တို့ လိဂ်ချန်ပီပီယံ ဖြစ်ရင် စုစုပေါင်း ၂၁ကြိမ်ထိ ရရှိသွားတော့မှာ ဖြစ်ပြီး လီဗာပူးကတော့ ၁၉ကြိမ်နဲ့ နောက်မှာ ကျန်ခဲ့မှာပါ။”လို့ ဘရိူနိုက ဆက်လက်ဆိုပါတယ်။

၁၉၉၂ခုနှစ်မှာ စတင်ပြီး လက်ရှိကစားနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲလို့ အမည်ခေါ်ဝေါ်ခဲ့တာ ဖြစ်ပြီး ယင်းမတိုင်ခင်က ပထမတန်းအနေနဲ့ ကစားခဲ့ကြတာပါ။

အမှတ်ပေးပြိုင်ပွဲ သက်တမ်းတစ်ခုလုံးနဲ့ တွက်ချက်မယ်ဆိုရင် ယူနိုက်တက်အသင်းဟာ စုစုပေါင်း အကြိမ် ၂၀အထိ ဆုဖလားဆွတ်ခူးထားနိုင်ပြီး လီဗာပူးကတော့ ၁၉ကြိမ် ဆွတ်ခူးထားပါတယ်။

ပရီးမီးယားလိဂ်လို့ အမည်ခေါ်ဝေါ်ခဲ့ချိန်ကစပြီး တွက်ချက်မယ်ဆိုရင်တော့ ယူနိုက်တက်ဟာ ၁၃ကြိမ် ဆွတ်ခူး ထားပြီး လီဗာပူးကတော့ မနှစ်က တစ်ကြိမ်သာ ဆွတ်ခူးထားတာပါ။

“ကျွန်‌တော်တို့အတွက် ပွဲတိုင်းကတော့ အတူတူပဲ စိတ်နှစ်ပြီး ယှဥ်ပြိုင်ရတာ ဖြစ်ပေမယ့် ပရိသတ်တွေအတွက်က တော့ တစ်ပွဲနဲ့တစ်ပွဲ အားပေးရတာ စိတ်ခံစားချက်မတူညီနိုင်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့ ပြိုင်ဖက်ကို ကိုယ်နဲ့ အဆင့် တူလာတာမျိုး ဒါမှမဟုတ် ကိုယ်နဲ့ ဆုဖလားတူညီသွားမှာမျိုးကို ဘယ်သူမှ မလိုချင်ကြတာကျွန်တော်သိပါတယ်။” လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

ဖာနန်ဒက်စ်ဟတော့ ယူနိုက်တက်ကို ရောက်ရှိပြီးကတည်းက အသင်းအတွက်အကောင်းဆုံး ခြေစွမ်းပြ ကစားနေ လာသူ တစ်ဦးဖြစ်သလို ယူနိုက်တက်အတွက် စုစုပေါင်း လိဂ်သွင်းဂိုး ၁၉ဂိုးသွင်းယူကာ လအလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ၄ကြိမ်ထိ ဆွတ်ခူးထားနိုင်ပါပြီ။

Share

က္က