တစ်ဦးနဲ့တစ်ဦး ပုခုံးဖက်ခြင်း မလုပ်ဖို့ တားမြစ်ထားပေမယ့် မလိုက်နာခဲ့ကြတာပါ။

အစိုးရ သတ်မှတ်စည်းမျဥ်းတွေကို လက်စတာတစ်သင်းတည်းသာ လိုက်နာခဲ့ပြီး မက်ဒီဆင်ဟာ ဂိုးသွင်းအပြီးမှာ ကစားသမားတွေကို အနားမလာဖို့ပြောပြီး ဟန်ပြ လက်ဆွဲနှုတ်ဆက်ကာ ကိုဗစ်သတ်မှတ်ချက်နဲ့အညီ အောင်ပွဲ ခံခဲ့ပါတယ်။

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ ကိုဗစ်ကန့်သတ် စည်းမျဥ်းတွေကို အသင်းအတော်များ များ မလိုက်နာသွားခဲ့ပါဘူး။



ဝုလ်၊ဝက်စ်ဘရွန်း၊ဘရိုက်တန်နဲ့ချဲလ်ဆီးအသင်းသားတွေဟာာ ဂိုးသွင်းယူအပြီးမှာ အတူတကွ ပုခုံးဖက်ပြီး အောင် ပွဲခံခဲ့ကြပြီး အဲ့ဒီထဲကမှ လက်စတာ အသင်းသားတွေကတော့ ကိုဗစ် စည်းမျဥ်းကို လိုက်နာခဲ့တာတွေ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ ကိုဗစ် ကူးစက်မှုနှုန်း မြင့်မားနေလို့ ကစားသမားအချင်းချင်း ထိတွေ့မှုတွေကို တတ်နိုင်သမျှ လျော့နေပါတယ်။

ဒါကြောင့် လက်ချင်းပုတ်တာ၊နှုတ်ဆက်တာနဲ့ ဂိုးသွင်းယူအပြီးတွေမှာ အချင်းချင်း ပုခုံးဖက် အောင်ပွဲမခံကြဖို့ စည်း ကမ်းထုတ်ပြန်ထားတာပါ။

ဒါကြောင့် ဂိုးသွင်းယူအပြီးမှာတော့ လက်စတာ ကစားသမား မက်ဒီဆင်ဟာ ကိုဗစ် သတ်မှတ်စည်းကမ်းကို အတိအကျ လိုက်နာခဲ့ပြီး ‌အောင်ပွဲခံရာမှာ ကစားဖော်တွေကို အနားမလာကြဖို့ တိုက်တွန်းကာ အဝေးကနေပဲ ဟန်ပြ အောင်ပွဲခံခဲ့ကြပါတယ်။

“ဝက်စ်ဘရွန်းက မားသီးယက်စ်ဂိုးသွင်းပြိးတော့ ရောဘတ်စနုဂရက်စ်ကပြေးသွားပြီး သူ့အပေါ် ခုန်လိုက်တာတွေ့ ခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ မနေ့က ဒီအချက်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်ထားတာမှာ အတူတ ကွအောင်ပွဲခံတာကို မလုပ်ဖို့ ပြောထားပါတယ်။ဒါကြောင့် ကျွန်တော် မလုပ်ခဲ့တာပါ။”လို့ မက်ဒီဆင်က ပွဲအပြီး မှာ ပြောခဲ့ပါတယ်။

ဝက်စ်ဘရွန်းကစားသမားတွေ ဂိုးသွင်းယူအပြီးမှာနဲ့ ပွဲအပြီးမှာ အတူတကွ အောင်ပွဲခံခဲ့ကြတာနဲ့ ပတ်သက်ပြီး တော့ နည်းပြ ဆမ်အလာဒိုက်က - သူ့ကစားသမားတွေဟာ လိဂ်မှာ ယခုနှစ်ရာသီ ပထမဆုံး နိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့ အတွက် အပျော်လွန်ပြီး အခုလို အောင်ပွဲခံခဲ့ကြတာသာ ဖြစ်ကြောင်းနဲ့ ဒီလိုမျိုး အချိန်မှာ ကစားသမားတွေရဲ့ စိတ်ခံစားချက်အရ စည်းမျဥ်းကို လိုက်နာဖို့ ခက်ခဲခဲ့တယ်လို့ ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းသားတွေလည်း အလားတူ စည်းမျဥ်း ချိုးဖောက်မှုမျိုး ပြုမူခဲ့ကြပြီး နောက်ခံလူ ဆေးလ်ဗားဆိုရင် ပွဲကစားအပြီးမှာ ဂျာစီကို ဖူဟမ်ကွင်းရုံဝန်ထမ်းကို လက်ဆောင်ပေးခဲ့လို့ ကိုဗစ်သတ်မှတ်စည်းမျဥ်း ချိုးဖောက်မှုနဲ့ အရေးယူမှု တစ်စုံတရာကျခံရဖွယ်ရှိနေပါတယ်။

ဒါကြောင့် အစိုးရရဲ့ ကိုဗစ် သတ်မှတ် စည်းကမ်းတွေကို ကိုယ်စီချိုးဖောက်ခဲ့ကြတဲ့ ကစားသမားတွေနဲ့ ကလပ် အသင်းတွေကို ဗြိတိန်အစိုးရနဲ့ အက်ဖ်အေက ဘယ်လို ပြစ်ဒဏ်မျိုးတွေ သတ်မှတ်မလဲဆိုတာလည်း စိတ်ဝင်စား ဖို့ကောင်းနေပါပြီ။

Share

က္က