အောင်ရဲလင်းဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ မကြာခဏ ဖော်ပြခြင်းခံနေရတဲ့ သူ့ရဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
အချစ်ရေးနဲ့ ပတ်သက်လာရင် ပရိသတ်စိတ်ဝင်စားမှု အမြဲတမ်းရရှိထားတဲ့ သရုပ်ဆောင် အောင်ရဲလင်းကတော့ ဒီအချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ မကြာခဏဆိုသလို အချစ်ရေးသတင်းတွေ ဖော်ပြခြင်းခံရလေ့ရှိတဲ့ သူ့ရဲ့ သဘောထားကို မီဒီယာ အင်တာဗျူးတွေမှာအခုလို ပြောပြခဲ့ပါတယ်။
“ တကယ်တော့လေ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်က ပိုအရေးကြီးဆုံးပဲလို့ ထင်ပါတယ်။ အချိန်တန်ရင်လည်း သူဘာသာသူ ပြီးသွားမှာပဲ အမြဲတမ်းဖြစ်နေမှာ မဟုတ်တော့ ကိုယ်က ပိုအရေးကြီးတယ်။ အရင်တုန်းကလည်း အမြဲတမ်း ပြောခဲ့ဖူးတာရှိတယ် ရေးချင်တာရေးကြတဲ့ အချစ်ရေး အကြောင်းတွေကို ကျွန်တော့် အနေနဲ့ ဘာမှကို ပြောစရာမရှိတာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရုပ်ရှင်အစည်းအရုံး နှစ်တစ်ရာပြည့် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။
Photo: Aung Ye Linn
အောင်ရဲလင်းဟာ “မကောင်းသတင်းထွက်လာတိုင်း ကျွန်တော်ကပဲထွက်လာတာချည်းပဲ” ဆိုပြီးတော့ ဝေဖန်မှုတွေ မကြာခဏ ကြုံနေရတဲ့ သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။
ချောမောခန့်ညားလွန်းတဲ့ပုံစံနဲ့ မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ မင်းသား အောင်ရဲလင်းက သူ့ကိုယ်သူတော့ ရင်ခုန်စရာကောင်းတဲ့ သူတစ်ယောက်လို့ မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်တာကြောင့် ရိုမန့်တစ် ဆန်တတ်တဲ့ လူမဟုတ်ဘူးဆိုပြီးတော့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ သိရှိ အားပေးလာကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေ၊ ပြက္ခဒိန်တွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ အချစ်ရေးသတင်းတွေ မကြာခဏ ထွက်လာပေမယ့်လည်း သူ့ရဲ့ အိမ်ထောင်ဖက်က ဘယ်လို မိန်းကလေးမျိုးဖြစ်မယ်ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာကိုလည်း တွေ့ရပါတယ်။