လက်ထပ်တဲ့နေ့က အမှတ်တရလေးကိုလည်း သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

ခင်ဘုဏ်းကတော့ ခင်ပွန်းဖြစ်သူ ကိုသက်မျိုးကြူ နဲ့အတူ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကို အခုလို ပြောပြလာပါတယ်။ 

Photo: Khin Bhone



အဆိုတော် ခင်ဘုဏ်းကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးဟာ ပျော်စရာ အမှတ်တရလေးတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုသက်မျိုးကြူနဲ့ သူမ ရဲ့ အိမ်ထောင်ရေးဟာ (၁၀) နှစ် တိတိပြည့်ခဲ့ပြီလို့ ပြောပါတယ်။ 

" လက်ထပ်ခဲ့ကြတာ (၁၀) နှစ်ရှိပြီ။ 16.1.2011 ~ 16.1.2021 နားလည်မှု၊ ဖေးမမှု၊ ကြင်နာမှုတွေ၊ လျော့မသွားတဲ့ အပြင် ပိုတိုးလာတဲ့အချစ်တွေ နဲ့ ခုထိ ချစ်ပေးလို့ကျေးဇူးပါ ချစ်သူ။ လက်မှတ်ထိုးတဲ့နေ့က မိတ်ကပ်မပါပဲ မျက်ခုံးမွှေးလေးပဲ ဆွဲထားတဲ့ ကျွန်မ ခင်ခင်ပါ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Khin Bhone

ခင်ဘုဏ်းတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၀) နှစ်ပြည့်ပြီဆိုပေမယ့် ရင်သွေးလေး မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ အိမ်ထောင်ရှင်ဘဝကို ဖြတ်သန်းနေတယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူတို့ရဲ့ အမှတ်တရနေ့လေးကိုလည်း ပရိသတ်တွေက Comment ကနေတဆင့် ဂုဏ်ပြုပေးခဲ့တာကို တွေ့ရပါတယ်
။ 

Photo: Khin Bhone


ခင်ဘုဏ်း ကိုတော့ သင်္ကြန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း အမေရိကမှာနေထိုင်ရင်း သီချင်း အသစ်လေးတွေ ဖန်တီးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က