ဂိုးမရှိသရေကျခဲ့ပါတယ်။

လီဗာပူးဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ဂိုးကန်သွင်းခွင့်အသာတွေရခဲ့ပေမယ့်လည်း ယူနိုက်တက်ကို အနိုင်မကစားနိုင်ခဲ့တာပါ။

လီဗာပူးအသင်းဟာ အိမ်ကွင်းအန်ဖီးလ်မှာ ယူနိုက်တက်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့လို့ အဆင့် ၁နေရာကို မရ တော့တဲ့အပြင် လက်ရှိ ရပ်တည်နေတဲ့ အဆင့် ၃နေရာကနေ အဆင့် ၄အထိ ဆင်းသက်ပေးရဖို့ ရှိနေပါတယ်။



ဒါကတော့ ယူနိုက်တက်ကို သရေကျသွားတဲ့အတွက် လီဗာပူးဟာ ရမှတ် ၃၄မှတ်သာရရှိထားပြီး အဆင့် ၅နေရာမှ မန်စီးတီးက ပဲလေ့စ်ကို အနိုင်ရပါက အဆင့် ၂နေရာအထိ တက်လှမ်းသွားတော့မှာမို့လို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ယနေ့ပွဲမှာ ယူနိုက်တက်အသင်းဖက်ကို ပွဲအစကတည်းက ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမျိုးတော့ လောက်လောက် လားလား မလုပ်နိုင်ခဲ့ပါဘူး။

ဘောလုံးပိုင်ဆိုင်မှု သိသိသာသာ များတယ်ဆိုပေမယ့်လည်း နောက်ပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ အမှတ်မထင် ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ဂိုးသမား အယ်လီဆန်သာ မကာကွယ်နိုင်ခဲ့ရင် အိမ်ကွင်းမှာ ရှုံးတောင်ရှုံးသွားနိုင်ပါ တယ်။

လီဗာပူးအသင်းဟာ ယူနိုက်တက်အသင်းဖက်ကို စုစုပေါင်း ဂိုးကန်သွင်းမှု ၁၈ကြိမ်တောင်ပြုလုပ်နိုင်ခဲ့ပြီး ယူနိုက် တက်ကတော့ ၈ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ သရဲနီစိတ်ဓာတ်ပြသကာ လီဗာပူးကို အန်ဖီးလ်မှာ ကြံ့ကြံ့ခံ ရင်ဆိုင်သွားခဲ့ပြီး လို အပ်နေတဲ့ သရေတစ်မှတ်ကို ဆုပ်ကိုင်ကာ အဆင့် ၁နေရာမှာ မြဲမြံနေပါတယ်။

တကယ်တော့ ဒီသရေပွဲဟာ နှစ်သင်းစလုံးအတွက် မကောင်းနိုင်ပဲ မန်စီးတီးအသင်းအတွက် အခွင့်အရေး ယူတတ် မယ်ဆိုရင် အဆင့် ၁နေရာအထိ ခြိမ်းခြောက်လာနိုင်မယ့် အခွင့်အရေးကို ပေးလိုက်သလိုပါပဲ။

မန်စီးတီးဟာ ပဲလေ့စ်ကိုအနိုင်ရလိုက်မယ်ဆိုရင် တစ်ပွဲလျော့ ၃၅မှတ်နဲ့ ယူနိုက်တက်အသင်းကို ကောင်းကောင်း ကြီး ဖိအားပေးလာနိုင်တော့မှာလည်း ဖြစ်နေလို့ပါ။

Share

က္က