တခြားဘုန်းကြီးကျောင်းမှာ သိမ်ဝင်ခဲ့ရတဲ့ အမှတ်တရတွေ ပြောလာခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ ဆံချပြီး ရဟန်းဘဝခံယူခဲ့တဲ့ ဘုန်းကြီးကျောင်းလေးမှာ သိမ်ကျောင်း ဆောက်လုပ်လှူဒါန်းချင်တဲ့ ဆန္ဒကိုပြောပြခဲ့ပါတယ်။ 

Photo: Paing Takon



ပိုင်တံခွန်ကတော့ သာသနာ့ဘောင်ဝင်ခဲ့စဉ်တုန်းက ဆံချခဲ့တဲ့ ဘုန်းကြီးကျောင်းလေးအတွက် သိမ်ကျောင်း ဆောက်ပေးချင်တဲ့ ဆန္ဒကို ပြောပြလာပါတယ်။ အလှူရှင်နည်းပါးလှတဲ့ ဘုန်းကြီးကျောင်းလည်း ဖြစ်သလို သီးသန့်ကျောင်းဆောင်တွေ အများကြီး မရှိတဲ့အတွက် ကုသိုလ်ပြုလုပ်ပေးချင်တာလို့ သူက ဆိုပါတယ်။ 

"ကျွန်တော်က ဒီဘုန်းကြီးကျောင်းလေးမှာ ဆံချပြီး ရဟန်းဘဝရခဲ့တာပါ။ အဓိက က ကျောင်းလေးက ဆင်းရဲတဲ့ အတွက် ဒီနေရာမှာ သာသနာလုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒ ကြောင့် တခြားကျောင်းမှာ မဝတ်ပဲ ကျွန်တော်ဒီမှာ ရဟန်းဝတ်ခဲ့တာပါ။ ဒီဘုန်ကြီးကျောင်းလေးက အလှူရှင် အရမ်းနည်းပါးတဲ့အပြင် ရဟန်းနေဖို့ အဆောင် ၊ ထမင်းစားဆောင် ၊ တရားချတဲ့အဆောင်၊ စာသင်ဆောင်၊ ရဟန်းတွေ အတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်းဆောင် ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။ သိမ်မရှိတော့ တခြားဘုန်းကြီးကျောင်းမှာ ကျွန်တော်သိမ်ဝင်ရပါတယ်။ ဆရာတော်ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာမှ အလှူလည်းမခံခဲ့ပါဘူး" ဆိုပြီးတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Paing Takon

ပိုင်တံခွန် သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၃၁) ရပ်ကွက်၊ ရေသန့်လမ်း ထဲမှာ တည်ရှိတာဖြစ်ပါတယ်။ သာသနာ့ဘောင်ကနေ လူထွက်ပြီးချိန်မှာ သိမ်ကျောင်းဆောက်လှူဖို့အတွက် ကျောင်းထိုင်ဆရာတော်ကို လျှောက်ထားခဲ့တာဖြစ်ပြီး ဒီအလှူအတွက် သူကိုယ်တိုင်က ငွေကျပ် သိန်း(၁၀၀) မတည် လှူဒါန်းထားတယ်လို့ သိရပါတယ်။ 

" ကျွန်တော်က ရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တစ်ရက်ပဲ ကုသိုလ်ရေးတွေ လုပ်ဖြစ်ခဲ့တယ် ။ပြီးတော့မှ တစ်ယောက်တည်း တရားအားထုတ်ချင်လို့ မြဝတီမြို့ကို ထွက်သွားပြီး သစ်တံခါးဆရာတော်ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ်ရေးတွေ လုပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။ မြဝတီမသွား ခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ် တပည့်တော် လူထွက်လာရင် ဒီကျောင်းကို အစစအရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေးမယ်လို့ တစ်ယောက်တည်းမနိုင်ရင်လည်းပရိသတ်တွေကိုလည်း နိဗ္ဗာန်ဆော်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အခု ဒီဘုန်းကြီးကျောင်းလေးအတွက် ပထမအနေနဲ့ သိမ်ကျောင်းတိုက်ကို အရင်ဆုံး ဆောက်လုပ်လှူဒါန်းပေးချင်တဲ့အတွက် ကျွန်တော်ကစပြီး အလှူငွေကျပ် သိန်းတစ်ရာ မတည်လိုပါတယ်။ ပရိသတ်တွေ ကိုလည်း သံသရာ မှာ ကျွန်တော်နဲ့ ရေစက်အတူတူ ပါအောင် ငွေ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင်လှူဒါန်းပေးပါလို့ နိဗ္ဗာန်ဆော်ပါရစေခင်ဗျာ။လောလောဆယ် ကျွန်တော့်ရဲ့ သိမ်တော်ဆောက်ဖို့အလှူမှာ သဒ္ဒါထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့တဲ့ အလှူရှင်တွေရှိပါတယ်ခင်ဗျာ"လို့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Paing Takon

ပိုင်တံခွန်ရဲ့ ကုသိုလ်အလှူမှာ ပါဝင်ချင်တဲ့ ပရိသတ်တွေ အနေနဲ့ KBZ Bank SAI HAN LENG TAI ( 32830132800128101 ) ၊ AYA Bank U SAI HAN LENG TAI@THIHA ( 0144201010030665 ) ၊ UAB Bank SAI HAN LENG TAI(a)THIHA ( 055130100018626 ) ၊ KPay Account (09420187368 ၊ 09769269405 ) ၊ Wave Money Account (09420187368 ) Yee Mon Kyaw စတာတွေကနေတဆင့် တတ်နိုင်သလောက် အလှူငွေ ထည့်ဝင်လို့ရကြောင်း ပိုင်တံခွန်က ရေးသားထားပါတယ်။ 

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က