အချစ်ရေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်အတည်သဘောကျတဲ့ မိန်းကလေးပုံစံကို ပြောပြလာပါတယ်။

ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ အချစ်တော်လေး မင်းသွေးခန့်ရဲ့ စိတ်ကူးထဲက မိန်းကလေး ပုံစံကို အခုလို ပြောပြလာပါတယ်။ 

Photo: M2K



မင်းသွေးခန့်ကတော့ တက်သစ်စ လူငယ်အနုပညာရှင်တွေကြားမှာ မိန်းကလေး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူ့ အနေနဲ့ မိန်းမလှလေးတွေ အများကြီး ဝန်းရံခံရသူဆိုပေမယ့် ကိုယ်တိုင် လိုချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အရည်အချင်းတွေကို Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တောချစ်သူ ထားခဲ့ဖူးတဲ့ တစ်လျှောက်မှာလည်း အိညှောင့် အိညှောင့် ရုံးပတီသီးလို မိန်းကလေးတွေ သိပ်မကြိုက်ဘူး။ ကိုယ့်အားကိုယ်ကိုးပြီးတော့ အလုပ်လုပ်တဲ့ မိန်းကလေးကို ပိုကြိုက်တယ်။ သူတို့အလုပ်တွေကို မှီခိုပြီး စားချင်လို့ မဟုတ်ဘူး မြန်မာနိုင်ငံမှာက ၁၀ တန်းမအောင်ဘူး၊ ပညာမတတ်ဘူးဆိုရင် နည်းနည်း စိတ်ဓာတ်ကျသွားတဲ့ မိန်းကလေးတွေ အများကြီးပါ။ သူတို့က လူရာမဝင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်နဲ့ လမ်းကြောင်းအမှားတွေကို ရောက်သွားတတ်ကြတယ်။ ကျွန်တော် သိထားတာက ပညာရေးမတတ်တာက ပညာမတတ်တာ မဟုတ်ဘူး၊ ကိုယ်ကျွမ်းကျင်ရာ တစ်ခုခုမှာ တတ်မြောက်ထားတဲ့မိန်းကလေးဆိုရင် အတည်သဘောကျတယ်။ ကိုယ့်အားကိုယ်မကိုးဘဲနဲ့ ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ မိန်းကလေးတွေကိုတော့ အလှကြည့်ဖို့ပဲ ထားတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: HPY

လက်ရှိမှာတော့ မင်းသွေးခန့်ရဲ့ အချစ်ရေးသတင်းကတော့ တည်ငြိမ်နေတုန်းပါပဲ။ သူကိုယ်တိုင်ကလည်း အလုပ်ကို ပိုပြီးတော့ ဦးစားပေးနေတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်ကတော့ ဘုန်းကြီးဝတ်ဖို့ပဲ စိတ်ကူးထားတယ်။ ကျွန်တော့် စိတ်ထဲမှာလည်း အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာစိတ်မှာမရှိသေးဘူး။ တစ်ခါတလေ စဉ်းစားမိတယ် ငါ ရည်းစားရော ထားချင်သေးရဲ့လားပေါ့နော်။ ကျွန်တော်က သရုပ်ဆောင် တစ်ယောက်ဖြစ်ချင်တဲ့ အတွက် ကျွန်တော့်ရဲ့ အလုပ်ကိုပဲ ပိုပြီးတော့ အာရုံစိုက်ဖြစ်တယ်။ အသက်ကြီးမှ နောင်တရတာမျိုးတွေ မရှိရလေအောင် အလုပ်တွေ လုပ်ချင်နေတာပဲ သိတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
 

Photo: Min Thway Khant

မင်းသွေးခန့်ကိုတော့ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က