မင်းသမီးချော ရွှေပိုးအိမ်ကတော့ သူမရဲ့ စိတ်ကူးထဲကအတိုင်း သာသနာ့ဘောင်ထဲ ဝင်ခွင့်ရတဲ့ ဝမ်းသာပီတိလေးတွေကို ပြောပြခဲ့ပါတယ်။
Photo: Shwe Poe Eain
သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ ဇန်နဝါရီလ (၁၂) ရက်နေ့တုန်းက မတ္တရာဆရာတော် ဘုရားကြီးရဲ့ ကျွန်းတော ကျောင်းတိုက်မှာ ဆံချရင်း သီလရှင်ဝတ်နေတာကိုတွေ့ရပါတယ်။ သူမရဲ့ ဘွဲ့နာမည်ကတော့ ဆရာလေး တေဇာနန္ဒီ လို့ အမည်မှည့်ထားတာကို ပြောပြလာပါတယ်။
" မသေခင် ဖြစ်ချင်တဲ့ ဆန္ဒထဲက တစ်ခု ဖြစ်ခွင့်ရလို့ ဝတ်ခွင့်ရလို့သေမယ်ဆို သေပျော်ပါပြီ။ ဆရာလေး တေဇာနန္ဒီ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်(၄) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ရွှေပိုးအိမ် အတွက် သာဓု(၃) ကြိမ် ခေါ်ဆိုခဲ့ကြပါတယ်။
Photo: Shwe Poe Eain
သာသနာ့ဘောင်ဝင်နေချိန်မှာလည်း ဇန်နဝါရီလ (၁၈) ရက်နေ့တုန်းက ရွှေပိုးအိမ်ဟာ လှည်းကူးမြို့ရှိ မေတ္တာမွန်ပရဟိတကျောင်းမှာ မတ္တရာဆရာတော် တေဇောဘာသ နှင့် အခြားသီလရှင် ဆရာလေးများနဲ့ အတူ ကုသိုလ်ကောင်းမှု အလှူအတန်းတွေ ပြုလုပ်လျှက်ရှိပါတယ်။ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့သူမဟာ သာသနာ့ဘောင်မှာ တရားအားထုတ်နေသလို ကုသိုလ်အလှူအတန်းတွေလည်း နေ့စဉ် လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။
Photo: Shwe Poe Eain
ရွှေပိုးအိမ် ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ Covid ကာလမှာလည်း သူမက နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ဈာပနလမ်းကြောင်းတွေအတွက် Volunteer အလုပ်ကို လုပ်ကိုင်ခဲ့ပါသေးတယ်။