တရုတ်မှာ Pre-booking လက်ခံနေပါတယ်

ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Vivo X60 Pro+ ရဲ့ ကျောဘက်ဒီဇိုင်းနဲ့ အချက်အလက်တချို့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Vivo ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ Vivo X60/X60 Pro ဖုန်းသစ်တွေကို တရုတ်ဈေးကွက်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာ ပိုပြီး flagship ကျတဲ့ မော်ဒယ်သစ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မှု မလုပ်ခင် ထွက်လာတဲ့ ပိုစတာမှာ Vivo X60 Pro+ ရဲ့ ကျောဘက်ဒီဇီုင်းနဲ့ Key Features တွေကို ပြထားပါတယ်။ ပိုစတာမှာ Vivo X60 Pro+ ဟာ ကျောဘက် Leather အိမ်နဲ့ Dark Blue ၊ Classic Orange ဆိုပြီး ကာလာနှစ်ရောင်ကို ပြထားပါတယ်။




Photo: Gizmochina

ကျောဘက်ကင်မရာစနစ်ဒီဇိုင်းကိုလည်း ပိုစတာမှာ ရှင်းရှင်းလင်းလင်း ပြထားပါတယ်။ စုစုပေါင်း ကင်မရာ ၄ လုံးပါပြီး ဂျာမနီကင်မရာနည်းပညာ ZEISS Optics စနစ် သုံးလာမှာပါ။ စမတ်ဖုန်း tipster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ အဆိုအရ Vivo X60 Pro+ ဟာ main cameras နှစ်လုံး ပါမယ်လို့ ဆိုပါတယ်။ Quad Camera setup ထဲမှာ Samsung GN1 50MP primary lens နဲ့ ဒုတိယမျိုးဆက် micro-gimbal stabilization ပါ 48MP ultrawide lens ဆိုပြီး Dual Main Cameras တွေ သုံးမယ်လို့ ပြောထားပါတယ်။

ကျန်တဲ့ ကင်မရာနှစ်လုံးကတော့ 5x periscope telephoto lens နဲ့ Portrait sensor တို့ ဖြစ်ဖို့ ရှိပါတယ်။ Vivo ကတော့ ဒီအချက်တွေကို အတည်ပြုပြောထားခြင်း မရှိသေးပါဘူး။ သေချာတာကတော့ ဒီဖုန်းဟာ မှန်ပြင်အောက်လက်ဗွေနည်းပညာနဲ့ punch-hole display သုံးလာမှာပါ။ ၂၀၂၁ အတွက် Flagship processor တစ်ခုဖြစ်တဲ့ Snapdragon 888 SoC နဲ့ လာမှာ ဖြစ်ပြီး RAM/storage အနေနဲ့ 8GB/128GB နဲ့ 12GB/256GB ဗားရှင်းနှစ်မျိုးနဲ့ ထွက်လာဖို့ ရှိပါတယ်။

Vivo X60 Pro+ ဟာ 55W charging ပါမယ်လို့ 3C ရဲ့ ထောက်ခံချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ Vivo တရားဝင်ဝက်ဘ်ကဆိုက်မှာ ဒီဖုန်းဝယ်ချင်သူအတွက် ယွမ် ၅၀ နဲ့ Booking လက်ခံနေပြီလို့ ဆိုပါတယ်။ 

Share

က္က