ပိုင်တံခွန်ဟာ သူ့ရဲ့ သိမ်ကျောင်းအလှူအတွက် ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေကြောင့် တစ်ရက်တည်းကို ငွေကျပ် သိန်း(၁၀၀၀) ကျော် ရရှိခဲ့လို့ ပီတိဖြစ်နေတယ်လို့ ပြောပါတယ်။
Photo: Paing Takhon
ပိုင်တံခွန်ကတော့ သူ ရဟန်းဝတ်စဉ်က ဆံချခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ သိမ်ကျောင်း ဆောက်လှူဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဇန်နဝါရီလ (၁၈) ရက်နေ့တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကနေတဆင့် စုပေါင်းအလှူဒါနလေး ဖြစ်မြောက်ဖို့အတွက် အလှူခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို ချစ်ခင်အားပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပရိသတ်များစွာတို့က ထည့်ဝင်လှူဒါန်းခဲ့ကြတဲ့ အလှူငွေဟာ တစ်ရက်တည်းနဲ့ကို သိန်း(၁၀၀၀) ကျော်ခဲ့ပြီလို့ သူက ဆိုပါတယ်။
" ကဲ တစ်ရက်တည်း သိန်း ၁ ထောင်ကျော်ဗျာ ဝမ်းသာစရာ။ ကျွန်တော်တို့ မြန်မာတွေမှာ အရမ်းကို လေးစားစရာကောင်းတဲ့ စိတ်လေးတစ်ခုရှိတယ်။ ဒါကဘာလဲဆိုတော့ သဒ္ဓါတရား။ အခုလည်းကြည့် မနေ့က သိမ်လေးဆောက်ချင်လို့ ကျွန်တော့်အကောင့်မှာ နိဗ္ဗာန်ဆော်လိုက်တာ မြန်မာပြည်သူ၊ ပြည်သား၊ ကျာ၊းမ၊ လူကြီး၊ လူငယ် အားလုံး ဝိုင်းလှူကြတာ ကြက်သီးတောင်ထမိတယ် လေးလည်း လေးစားမိတယ်။ အခု ဘဏ်ထဲမှာအတိအကျရခဲ့တဲ့ အလှူငွေ တစ်ရက်တည်း စုစုပေါင်း သိန်း တစ်ထောင့်တစ်ရာ ခြောက်သောင်းရှစ်ရာကိုးဆယ့်နှစ် (၁၁၀၀၆၀၈၉၂) ကျပ်ရရှိပါတယ်" ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည (၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Paing Takhon
အဲဒီနောက် ပိုင်တံခွန်ဟာ Mobile Banking , Mobile Payment တွေကနေတဆင့် ပရိသတ်တွေ လှူဒါန်းခဲ့ကြတဲ့ ငွေပမာဏကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။
" K Pay ကနေ ပရိသတ် တစ်ဦးတစ်ယောက်ချင်းလွဲပေးတဲ့ အလှူငွေ က သိန်း ၁၂၀ ကျော် ပါ။ Waveက လွှဲပေးတာ ၄၅ သိန်းကျော်ပါ ဘဏ်ထဲမဝင်သေးတဲ့ တချို့အလှူရှင်တွေရဲ့ အလှူငွေများစွာ ကျန်ပါသေးတယ်ခင်မျာ။ ကျန်တဲ့ လှူဒါန်းချင်တဲ့ လူတွေလည်း ကျွန်တော့်အလှူမှာပါဝင်လို့ရပါတယ် ခင်ဗျာ ။ ဆရာတော်ရဲ့ (ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ၁၃၁ ရပ်ကွက်၊ ရေသန့်လမ်း။) ကျောင်းမှာလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းလို့လည်းရပါတယ်ခင်ဗျာ။ " ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။
Photo: Paing Takhon
ပိုင်တံခွန် သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၃၁) ရပ်ကွက်၊ ရေသန့်လမ်း ထဲမှာ တည်ရှိတာဖြစ်ပါတယ်။ သူဟာ သာသနာ့ဘောင်ကနေ လူထွက်ပြီးချိန်မှာ သိမ်ကျောင်းဆောက်လှူဖို့အတွက် ကျောင်းထိုင်ဆရာတော်ကို လျှောက်ထားခဲ့တာဖြစ်ပြီး ဒီအလှူအတွက် သူကိုယ်တိုင်က ငွေကျပ် သိန်း(၁၀၀) မတည် လှူဒါန်းထားတယ်လို့ သိရပါတယ်။ ဒီအလှူမှာ သူနဲ့ အတူ ပါဝင်လှူဒါန်းကြမယ့် အနုပညာရှင်တွေကတော့ အကယ်ဒမီ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ငွေကျပ် သိန်း(၃၀) ၊ သရုပ်ဆောင် နေခြည်ဦးမှ ငွေကျပ် သိန်း(၃၀)၊ သရုပ်ဆောင် စမိုင်းလ် မှ ငွေကျပ်(၁၀) သိန်း နဲ့ အကယ်ဒမီသရုပ်ဆောင် ရဲအောင် တို့မိသားစုမှ ငွေကျပ်(၁၀) သိန်း စတဲ့ အလှူငွေ အသီးသီး လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။
Photo: Paing Takhon
ပိုင်တံခွန်ရဲ့ ကုသိုလ်အလှူမှာ ပါဝင်ချင်တဲ့ ပရိသတ်တွေ အနေနဲ့ KBZ Bank SAI HAN LENG TAI ( 32830132800128101 ) ၊ AYA Bank U SAI HAN LENG TAI@THIHA ( 0144201010030665 ) ၊ UAB Bank SAI HAN LENG TAI(a)THIHA ( 055130100018626 ) ၊ KPay Account (09420187368 ၊ 09769269405 ) ၊ Wave Money Account (09420187368 ) Yee Mon Kyaw စတာတွေကနေတဆင့် တတ်နိုင်သလောက် အလှူငွေ ထည့်ဝင်လို့ရကြောင်း ပိုင်တံခွန်က ရေးသားထားပါတယ်။
ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
Share