တည်ကန်ဘောတွေကို ကာကွယ်ရာမှာ အားနည်းတယ်လို့ ပြောခဲ့တာပါ။

ထောင့်ကန်ဘောကို တိုက်ရိုက်ကန်တင်ခြင်းမပြုလုပ်ဘဲ အပေးအယူပြုလုပ်ကာ ဧရိယာထဲ ကန်တင်ပေးခဲ့တာဖြစ်ပြီး အန်ဒီဒီက အပိုင်ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


လက်စတာအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ တည်ကန်ဘောကာကွယ်မှုအားနည်းတာတွေကို အခွင့်အရေးရယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကစားခဲ့တယ်လို့ ကွင်းလယ်လူမက်ဒီဆန်က ပြောဆိုလိုက်ပါတယ်။ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူက ပြိုင်ဘက်အသင်းရဲ့ အားနည်းချက်ကို ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

လက်စတာဟာ ချယ်လ်ဆီးကို ပွဲအစ ၆ မိနစ်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဂိုးသွင်းယူခဲ့ရာမှာတော့ ထောင့်ကန်ဘောကို တိုက်ရိုက်ကန်တင်ခြင်းမပြုလုပ်ဘဲ အပေးအယူပြုလုပ်ကာ ဧရိယာထဲ ကန်တင်ပေးခဲ့တာဖြစ်ပြီး အန်ဒီဒီက အပိုင်ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးခံစစ်ပိုင်းရဲ့ အားနည်းချက်ကို အခွင့်အရေးအရယူနိုင်ခဲ့ပြီး ဒီအချက်က နိုင်ပွဲရရှိစေခဲ့တာလို့ မက်ဒီဆန်က ပြောခဲ့ပါတယ်။ 

"ကျွန်တော်တို့ နည်းလမ်းက အလုပ်ဖြစ်ခဲ့ပါတယ်၊ ချယ်လ်ဆီးက တချို့အချိန်တွေမှာ ထောင့်ကန်ဘောကို ဟန့်တားဖို့ အင်ပြည့်အားပြည့်ဖြစ်မနေခဲ့ပါဘူး၊ ဒီအပေါ်မှာ အခွင့်ကောင်းယူဖို့ ကျွန်တော်တို့ကြိုးစားခဲ့တာပါ" လို့ Sky Sports ကို ပြောဆိုခဲ့ပါတယ်။ လမ်းပတ်အတွက်တော့ မက်ဒီဆန်ရဲ့ ပြောဆိုမှုက ရှက်ဖွယ်လိလိဖြစ်ခဲ့ရပြီး သူ့အသင်းရဲ့ အားနည်းချက်ကို ပြိုင်ဘက်က အမိအရထိုးနှက်နိုင်ခဲ့ပါတယ်။ 

"တည်ကန်ဘောတွေကနေ ကျွန်တော်တို့ ဂိုးအများကြီးမသွင်းယူနိုင်ခဲ့ပါဘူး၊ ကျွန်တော့်ဆံပင်ကို အမြဲတမ်းစည်းထားပြီး အသင်းဖော်တွေဆီ တိတိကျကျရောက်အောင် ပ့ံပိုးပေးနိုင်ဖို့ကြိုးစားခဲ့ပါတယ်၊ ဒါကြောင့်လည်း ဒီနေ့မှာ ထောင့်ကန်ဘောကတဆင့် ဂိုးရခဲ့တာပါ၊ တကယ်ကို စိတ်ကျေနပ်စရာကောင်းပါတယ်" လို့ မက်ဆီဆန်က ထပ်ပြောခဲ့ပါတယ်။ 

လက်စတာကတော့ ဒီပွဲကို အနိုင်ရရှိခဲ့လို့ ယူနိုက်တက်နဲ့ မန်စီးတီးတို့ မကစားရသေးခင်မှာ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့ပါတယ်။ အမှတ်ပေးဖလားကို ရယူနိုင်ဖို့အတွက်လည်း ပြိုင်ဘက်အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကာ ဘရန်ဒန်ရော်ဂျာအတွက်တော့ လီဗာပူးလ်နည်းပြဘဝမှာ ရလုရခင်ဖြစ်ခဲ့တဲ့ ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေနိုင်ပြီလည်းဖြစ်ပါတယ်။ 

Share

က္က