သမိုင်းဝင်ရွှေမြင်းဖြူစေတီတော်အနီးမြေပြိုမှုဖြစ်ပွားခဲ့တာပါ။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့မှာ ဒီကနေ့မနက်အစောအပိုင်းက ရွှေမြင်းဖြူတောင်ကမ်းပါးပြိုကျမှုဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။



မြေပြိုကျတဲ့နေရာက ကနီမြို့ရဲ့ သမိုင်းဝင်ရွှေမြင်းဖြူစေတီတော်နှင့် နီးကပ်လျှက်ရှိတာကြောင့် စေတီတော်အတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။



မြေပြိုမှုဖြစ်စဉ်အတွင်းမှာတော့ တာဝန်ရှိသူတွေအနေနဲ့ လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို ရှင်းလင်းရေးလုပ်ငန်းတွေကို အားလုံးဆောင်ရွက်ပြီးပြီလို့ကနီမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။

“ ဖြစ်တာက မနက် အစော (၅)နာရီလောက်ကဖြစ်တာ။ မြေပြိုတဲ့နေရာက စေတီနဲ့နီးကပ်တော့ စေတီအတွက်တော့စိုးရိမ်ရတာပေါ့။ မြေပွတွေဆိုတော့ပိုစိုးရိမ်ရတယ်။ လွန်ခဲတဲ့ (၅)နှစ်လောက်ကလည်း အခုလိုတစ်ခါပြိုဖူးတယ်။ ဒီတစ်ခါက စေတီနဲ့အရမ်းနီးကပ်နေတော့ စိုးရိမ်ရတဲ့အနေအထားတော့ရှိတယ်”လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

အဆိုပါ ရွှေမြင်းဖြူတောင်က မကြာခဏ မြေပြိုကျမှုတွေဖြစ်ပေါ်ခဲ့ပြီး အနည်းငယ်သာ ပြိုကျမှုတွေရှိခဲ့ပေမယ့် ဒီကနေ့မနက်က အကြီးမားဆုံးပြိုကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကူးတို့ဆိပ်အနီးနားမှာရှိတဲ့အတွက် လူသွားလူလာများတဲ့နေရာဖြစ်ပြီး ဒီကနေ့မနက်ဖြစ်စဉ်ကြောင့်တော့ ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့မရှိဘူးလို့ဆိုပါတယ်။ လက်ရှိမှုတော့ မြေပြိုမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပညာရှင်တွေနဲ့ ဆွေးနွေးဖို့ရှိပြီး စေတီအတွက်လည်း လိုအပ်တာတွေကြိုတင်ပြင်ဆင်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က