၃ နှစ်ကျော်အတွင်း အိမ်ကွင်းပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။

လီဗာပူးလ်ဟာ ဒီပွဲမှာ ဂိုးမရခဲ့လို့ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်တာ ၇ နာရီနဲ့ ၁၈ မိနစ်အထိ ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ 


အိမ်ကွင်းမှာ ဘန်လေကို အရေးနိမ့်ခဲ့ပြိးနောက် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရုန်းကန်ရတော့မယ့်အပြင် အိမ်ကွင်းမှတ်တမ်းကောင်းတွေပါ ကျိုးပျက်ခဲ့တဲ့အပေါ် လီဗာပူးလ်နည်းပြကလော့ပ်က စိတ်ပျက်နေခဲ့ပါတယ်။ လီဗာပူးလ်ဟာ အက်ရှ်လေဘားနက်စ်ရဲ့ ပင်နယ်တီဂိုးနဲ့ အိမ်ကွင်းမှာရှုံးနိမ့်ခဲ့ကာ ယူနိုက်တက်နဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 



အဆိုပါပွဲမှာတော့ လီဗာပူးလ်နည်းပြကြီးဟာ အသင်းကစားပုံအပေါ် တော်တော်လေးစိတ်ပျက်နေခဲ့ဟန်ရှိပါတယ်။ ပထမပိုင်းအပြီးမှာလည်း ဘန်လေနည်းပြရှောင်ဒိုက်နဲ့ အချင်းများမှုတွေရှိခဲ့ပြီး ပုံမှန်ထက်ပိုတဲ့ စိတ်ခံစားချက်တွေ များပြားနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဒီရှုံးပွဲက ပြင်းထန်တဲ့လက်သီးချက်နဲ့ အထိုးခံလိုက်ရသလို ခံစားရတယ်လို့ ကလော့ပ်က ဖွင့်ဟခဲ့ပါတယ်။ 

"ရှုံးဖို့မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ပွဲတစ်ပွဲကို ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်၊ ဒီလိုအရေးနိမ့်ခဲ့တာက ကျွန်တော့်ရ့ အပြစ်တွေပါပဲ၊ လက်ရှိမှာတော့ အမှတ်ပေးဖလားအတွက် ကျွန်တော်တို့ မစဉ်းစားနိုင်သေးပါဘူး" လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီပွဲမှာ ဂိုးမရခဲ့လို့ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်တာ ၇ နာရီနဲ့ ၁၈ မိနစ်အထိ ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ 

ကလော့ပ်က "နောက်ဆုံးအချိန်တွေမှာ ကျွန်တော်တို့ဆုံးဖြတ်ချက်တွေက မမှန်ကန်ခဲ့ပါဘူး၊ အဲဒါက ပြသနာဖြစ်နေတာပါ၊ ဘောလုံးကို နေရာကောင်းတစ်ခုမှာရထားပြီးမှ ကန်မသွင်းဘဲ လူပေးခဲ့ပါတယ်၊ ဒါက ကစားသမားကောင်း နဲ့ အရမ်းကောင်းတဲ့ကစားသမားကြား ကွာခြားချက်ပါ၊ ဒီပွဲအရေးနိမ့်ခဲ့တာက ပြင်းထန်အားပါတဲ့လက်သီးချက်နဲ့ အထိုးခံလိုက်ရသလိုပါပဲ" လို့ ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ 

လီဗာပူးလ်အနေနဲ့ လက်ရှိမှာ အဆင့် ၄ နေရာမှာ ဆက်ရှိနေပေမယ့် အဲဗာတန်နဲ့ စပါးတို့ကသာ လက်ကျန်ပွဲတွေကို အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၆ နေရာအထိကို ရောက်ရှိသွားဖွယ်ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အဆင့် ၁ နဲ့ အဆင့် ၆ အထိကို ရမှတ်ကွာဟမှုက နည်းပါးနေတာကြောင့် ဆုဖလားအတွက် အသင်း ၆ သင်းအထိ အပြိုင်ဆိုင်ဖြစ်နေဆဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က