ကိုဗစ်ကာလမှာ လုပ်ရတဲ့ ပွဲဖြစ်တဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

ထက်ယံကတော့ မီလီယံချီတဲ့ ပရိသတ်တွေအားပေးကြတဲ့ ဖျော်ဖြေပွဲတစ်ခုဖြစ်လာစေဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

Photo: Htet Yan



ထက်ယံကတော့ ကိုဗစ်ကာလမှာ ဂီတလှုပ်ရှားမှုတွေ ရပ်မသွားစေဖို့ One Man Show လုပ်တော့မယ်လို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့ အဆက်မသွယ်မပြတ်ရလေအောင် ကြိုးစားနေရတဲ့ သူ့အတွက် ဒီ Show ပွဲအပေါ် စိတ်လှုပ်ရှားမှုရှိနေတယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်ကတော့ ၂၀၂၁ ရဲ့ မကြာခင်မှာ One Man Show လုပ်ဖို့ စဉ်းစားနေတယ်။ ပွဲမလုပ်နိုင်ရင်တောင် Online ပေါ်ကနေ Live ပေါ့နော်ရရင် ရသလို ပျောက်မသွားအောင်လို့ ရပ်တည်ပြီးတော့ ပရိသတ်ကို မပျင်းရလေအောင် ဆွဲခေါ်သွားမှာပေါ့။ အခုချိန်မှာ ကိုယ်က အားနေတဲ့သူဆိုတော့ ပြင်ဆင်ချိန်က ပိုရတယ်။ ရှေ့မှာလည်း ကိုယ့်ရဲ့ စီနီယာ၊ ဂျူနီယာတွေ သူတို့ လုပ်သွားတဲ့ ပွဲတွေကို ကြည့်ပြီးတော့ အားကျတယ်။ ကိုယ့်အလှည့်ကျရင်ရော ပိုကောင်းအောင် ဘယ်လို လုပ်မလဲပေါ့။ Online ပေါ်ပေမယ့်လည်း ကိုယ့်ပွဲကို မီလီယံချီတဲ့ ပရိသတ် အားပေးအောင်ဘယ်လို လုပ်ရကောင်းမလဲ ဆိုတာလည်း စဉ်းစားရပါတယ်။ ပွဲကလည်း အဖွဲ့အစည်းနဲ့ လုပ်တာဖြစ်တဲ့အတွက် ဒိတ်အတိအကျတော့ မသိသေးဘူး။ ၄ လပိုင်းဝန်းကျင်တော့ ဖြစ်ဖို့များမယ်”လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Htet Yan

ထက်ယံဟာ ဂီတအလုပ်မှာသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ကားတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ အနုပညာအပေါ်ထားတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ 

“ အနုပညာမှတ်တိုင်တွေကတော့ အများကြီး စိုက်သွားချင်ပါတယ်။ ဒါပေမယ့် ကိုယ်စိုက်ချင်တဲ့ မှတ်တိုင်တွေက များနေတော့ ကိုဗစ်ကလည်း မပြီးနိုင်သေးဘူး။ အဲဒီတော့ ကိုယ်ဖြစ်ချင်တဲ့ မှတ်တိုင်တွေကို စိတ်ထဲမှာ သိမ်းထားပြီးတော့ ပရိသတ်လည်း အဆင်ပြေအောင် ဒီအချိန်အခါမှာလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားရမှာဆိုတော့ လုပ်သွားမယ်လို့ စိတ်ကူးထားတယ်။ One Man Show မလုပ်ခင်မှာ ကိုRဇာနည်နဲ့ Collabration လုပ်သွားမှာပါ”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Htet Yan

ထက်ယံကတော့ ဂီတလောကထဲမှာ အခုဆိုရင် (၁၀) စုနှစ် တစ်စုစာ ရပ်တည်လာတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်သီချင်းလေးတွေဟာ ပရိသတ်အကြိုက်တွေနဲ့ ထပ်တူကျခဲ့သလို အောင်မြင်မှုထိပ်ဆုံး ရောက်ရှိခဲ့တဲ့ သီချင်းတွေဆိုလည်း မမှားပါဘူး။ “ မင်းထက် နိဗ္ဗာန်ကို မလိုချင်” ၊ “ချစ်လိုက်” ၊ “ ကျေနပ်လား” ၊ “နွေးသွားတယ်” ၊ “သူဇာ” Single Song တွေ အပြင် အဆိုတော် နွဲ့ယဉ်ဝင်းနဲ့ တွဲဖက်သီဆိုထားတဲ့ “ မောင့်အချစ်ဦး" သီချင်းတွေကလည်း လက်ရှိ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က