လီဗာပူးဟာ လိဂ် ၅ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါပြီ။

လိဂ် နောက်ဆုံး ၅ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး အဆင့် ၄အထိ ဆင်းသက်ရပ်တည်နေရတဲ့ လက်ရှိ ချန်ပီယံ လီဗာပူး ပရိသတ်တွေအတွက်တော့ ဒီသတင်းဟာ ပျားရည်တစ်စက်၊စွပ်ပြုတ်တစ်ဇွန်း သောက်လိုက်ရသလို အားရှိနိုင်မှာပါ။

ယနေ့ မနက်က အိမ်ကွင်းမှာ ဘန်လေကို ၀-၁နဲ့ အရေးနိမ့်ခဲ့လို့ လီဗာပူးအသင်းဟာ အိမ်ကွင်း ၆၈ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားရပါတယ်။



ဒါ့အပြင် ရှုံးပွဲနှင့်အတူ အမှတ်ပေးဇယား ထိပ်ဆုံးက ယူနိုက်တက်နဲ့လည်း ၆မှတ်ထိ ကွာဟနေပြီဖြစ်လို့ အဆင့် ၄နေရာထိ ဆင်းသက်ရပ်တည်နေရပါတယ်။

ဒီလို စိတ်ပျက်ဖွယ်ရလဒ်တွေကြားထဲမှာ လီဗာပူးပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကိုတော့ နည်းပြကြီး ကလော့ပ်က ယူဆောင်လာပေးခဲ့ပါတယ်။

အဲ့ဒါကတော့ ဒူးဒဏ်ရာကြောင့် ကာလရှည် နားနေရတဲ့ နောက်ခံလူ ဗန်ဒိုက် ကြံ့ခိုင်မှုကောင်းကောင်းနဲ့ လေ့ကျင့် ခန်းတွေ ပြန်လုပ်နေနိုင်ပြီဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ယခုနှစ်ရာသီအစောပိုင်းက ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ်ဒါဘီမှာ ပြိုင်ဖက်ဂိုးသမားနဲ့ ထိခိုက်မိပြီး ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတာပါ။

ဒါပေမယ့်လည်း နဂိုကတည်းက ကြံ့ခိုင်မှုကောင်းတဲ့ ဗန်ဒိုက်ဟာ အခုဆိုရင် မျှော်မှန်းထားတဲ့ အချိန်ထက်စောပြီး ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို လုပ်နိုင်နေပြီ ဖြစ်ကာ ပရိသတ်တွေ သိရှိနိုင်အောင်လည်း လူမှုကွန်ရက်ကတဆင့် ဗီဒီယိုတွေ ပြသလေ့ရှိပါတယ်။

“ဘာလို ဖြစ်နိုင်လဲဆိုတာ အတိအကျမသိပေမယ့် သူ့ပုံစံကြည့်ရတာ တော်တော်လေး ကောင်းနေပါပြီ။ဒီမနက်ပဲ သူနဲ့ ဖုန်းပြောဖြစ်ပါသေးတယ်။သူ စိတ်ခံစားမှုလည်း အရမ်းကောင်းတယ်လို့သိရပါတယ်။ဒါဟာ အလားအလာ ကောင်းပါပဲ။ဘယ်အချိန်လောက် ပြန်လာနိုင်မလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။”လို့ ကလော့ပ်က ပြောခဲ့ ပါတယ်။

အမှန်တယ်မှာလည်း ကလော့ပ်ဟာ ဆရာဝန်မဟုတ်သလို ကိုယ်တိုင် ခံစားရသူလည်း မဟုတ်တဲ့အတွက် ဒဏ်ရာ နဲ့ ပတ်သက်ပြီး အသေးစိတ်မသိနိုင်တာ မဆန်းပါဘူး။

အခုလိုမျိုး အသင်းသားတစ်ဦးရဲ့ နောက်ဆုံးအခြေအနေကို ပရိသတ်တွေထံ ယူဆောင်လာပေးနိုင်တာကပဲ နည်းပြ ချုပ်တစ်ယောက်အနေနဲ့ ပရိသတ်တွေကို အားဆေးတစ်ခွက် တိုက်နိုင်လိုက်သလိုပါပဲ။

လက်ရှိမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၅ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီဖြစ်သလို ရဂိုးကလည်း တစ်ဂိုးသာရရှိထားလို့ ခံစစ်ရော တိုက်စစ်ပါ စွမ်းဆောင်ရည်ကျဆင်းနေတာကို တွေ့မြင်နိုင်ပါတယ်။

Share

က္က