ရော်ဂျာဟာ လက်စတာစီးတီးအသင်းကို လက်ရှိမှာကိုင်တွယ်နေပါတယ်။

ရော်ဂျာဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ တတိယအကောင်းဆုံး နည်းပြ တစ်ဦးဖြစ်တယ်လို့လည်း ချဲလ်ဆီး ကစားသမားဟောင်း ခရစ္စ ဘန်လေက သုံးသပ်ထောက်ခံ ပြောပါတယ်။

လက်ရှိ လက်စတာအသင်းရဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာဟာ လမ်းပတ်နေရာ ဆက်ခံသင့် သူတွေအဖြစ် သတင်းတွေ ထွက်နေတဲ့ ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီနဲ့တူချယ်တို့ထက် ပိုပြီး သင့်တော်တဲ့သူလို့ ချဲလ်ဆီးအသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်သူ ခရစ္စဘန်လေက ဆိုလာပါတယ်။



ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ လက်ရှိမှာ အသင်းရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေမှုတွေကြောင့် ပရိသတ်တွေ ရဲ့ ဝေဖန်မှုတွေကို မြင့်မားစွာ ခံနေရသူ ဖြစ်ပါတယ်။

အဓိကအချက်ကတော့ ပေါင်သန်း၂၀၀လောက်သုံးပြီး လူအင်အားဖြည့်တင်းထားသည့်တိုင် အသင်းရဲ့ စွမ်းဆောင် ရည်က ထင်သလောက် မရောက်နေတာကြောင့်လည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ယခုနှစ်မှာ ဟာကင်ဇီယက်၊တီမိုဝါနာ၊ကိုင်ဟာဗက်၊ဘန်ချီဝဲလ်၊မန်ဒီတို့ကို ဝယ်ထားသလို သီယာဂိုလ် ဆေးလ်ဗားကိုလည်း အလွတ်နဲ့ ရရှိထားပြန်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လက်စတာနဲ့ပွဲမှာ ၂-၀နဲ့ အရေးနိမ့်ခဲ့လို့ အဆင့် ၈အထိ ဆင်းသက်ရပ်တည်နေရပါပြီ။

ဒါကြောင့် လမ်းပတ်ကို စိတ်မရှည်လေ့ရှိတဲ့ အသင်းပိုင်ရှင်က ရှေ့က နည်းပြများနည်းတူ အသင်းမှ ထုတ်ပယ် တော့မယ်လို့ သတင်းတွေ ထွက်လာပြီ ဖြစ်သလို သူ့နေရာမှာလည်း ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီ(သို့) ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်တို့နဲ့ အစားထိုးမယ်လို့ သုံးသပ်နေကြတာပါ။

“အယ်လီက လက်တွေ့သမားပါ။ဒါပေမယ့် ဒီလို လက်တွေ့သမားကို မိုဗစ်က မော်ရင်ဟိုနဲ့တင် အတော်လေး သိရှိ ခဲ့ပြီးပြီဖြစ်လို့ သိပ်လိုလားဟန်မရှိပါဘူး။နောက်ပြီး တူချယ်၊ကျွန်တော်က သူ့ပရိသတ်တော့ မဟုတ်ပါဘူး။ဒေါ့မွန်နဲ့ ပီအက်စ်ဂျီမှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပေမယ့် ကျွန်တော်ကတော့ သိပ်အလိုမကျပါဘူး။အနည်းဆုံးတော့ လက် ရှိ ပရီးမီးယားလိဂ်မှာ တတိယ အကောင်းဆုံး နည်းပြလို့ ပြောလို့ရနေတဲ့ ဘရန်ဒန်တော့ စိတ်ထဲ ပြေးမြင်မိပါ တယ်။”လို့ ဘန်လေက ESPN သတင်းဌာနကို ပြောပါတယ်။

ရော်ဂျာကတော့ လက်ရှိမှာ လက်စတာစီးတီးအသင်းကို ၁၉ပွဲကစား ၁၂ပွဲနိုင် ၂ပွဲသရေ ၅ပွဲရှုံးပြီး အဆင့် ၃နေရာ မှာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က