မြေဧက ၈၀ အကျယ်ရှိတဲ့ မြေကွက်မှာနေရာချထားပေးမှာပါ။

မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့က သူဌေးကြီးဇနီးမောင်နှံ နှစ်ဦးက သူတို့ပိုင်ဆိုင်တဲ့ မြေဧက ၈၀ ကို အိမ်ခြံမြေမရှိတဲ့ အိမ်ရာမဲ့တွေအတွက် မြေကွက်ရိုက် လှူဒါန်းကာ ကျေးရွာတစ်ခုအဖြစ်တည်ထောင်ပေးဖို့ လုပ်ဆောင်နေတယ်လို့ အဆိုပါမြေကွက် တွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုလုပ်ဆောင်နေသူ ဒေါက်တာတင့်အောင်စိုးကပြောပါတယ်။

ဒါကြောင့် မြေဧက ၈၀ ကျော်ကို ပေ ၃၅ ၊ ပေ ၇၀ မြေကွက်ရိုက်ထားပြီး အမှန်တကယ်အိမ်ခြံမြေ မရှိသူတွေကို ပေးအပ်နိုင်ဖို့ မြေကွက်လျှောက်လွှာတွေ ခေါ်ယူနေတာ ၃ ရက်ရှိပြီကာ လျှောက်ထားတဲ့အရေအတွက်ကလည်း ၃၀၀ ကျော် ၄၀၀ လောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

"ဦးခွေး ဒေါ်ယိမ်း သူဌေးကြီးလင်မယားနှစ်ယောက်ကလှူမှာ၊သူပိုင်တဲ့ ဧက ၈၀ ဆိုတာ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်ကိုလာတဲ့လမ်း ရေးသွားတဲ့လမ်းပေါ်မှာသွားဆုံတယ်။အဲ့မှာ ဧက ၈၀ ကိုအကွက်ရိုက်ပြီးတော့လှူတယ်၊အိမ်မရှိရာမရှိသူတွေကိုလှူပေးတယ်။ပုံစံ ၇ တွေဘာတွေရထားပြီးတော့ ခွင့်ပြုချက်တွေတောင်းခံပြီး အကွက်ရိုက်ပြီးတော့ စပြီးလှူဒါန်းတဲ့အဆင့်ကိုရောက်လာတာပေါ့။လှူဖို့ကြိုးစားတာတော့ ၁ နှစ်လောက်ရှိပြီခုလျှောက်လွှာတွေခေါ်ပြီ၊၂ ရက်ကိုမနေ့ကညကပိတ်တော့ ၂၅၀ ကျော်ရှိတယ်၊ခုဒီနေ့ဆို ၃၀၀ ကျော်နေပြီ။ကျနော်တို့ မှန်းထားတာအရဆို ၃၊၄ ရက်ဆိုပိတ်ရလောက်ပြီ။"လို့ ဒေါက်တာတင့်အောင်စိုးက ပြောပါတယ်။

မြေယာလျှောက်ထားသူတွေထဲကမှ အမှန်တစ်ကယ် အိမ်ခြံမြေ မရှိသူတွေကို သေချာစိစစ်ပြီး ပေးအပ်မှာဖြစ်သလို၊ မြေပေးအပ်စဉ်မှာလည်း မသမာမှုပြုလုပ်တာတစ်ခုခုရှိပါက  မြေကွက်ကို ပြန်လည်သိမ်းဆည်းမှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် မြေကွက်မှာတစ်ဆက်တည်း ၁၀ နှစ်နေထိုင်ပြီး မှသာ မြေပိုင်ဆိုင် ပိုင်ဆိုင်ကြောင်း စာချုပ်ကို ထုတ်ပေးဖို့ သတ်မှတ်ထားတယ်လို့သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညဏ်ဟိန်းဆီကသိရပါတယ်။

လက်ရှိမှာတော့ မြေယာမဲ့တွေကိုပေးဝေ လှူဒါန်းမယ့် မြေဧက ၈၀ ထဲမှာ ဘုရားတည် ၊ကျောင်းဆောက်လှူဒါန်းထားကြောင်း၊ကျန်တဲ့ မြေကွက်တွေက ၉၀၀ လောက်ရှိတယ်လို့သိရပါတယ်။ 

မြေကွက် လျှောက်လွှာတွေကိုတော့ နေရာ ၃ ခုခွဲပြီးလက်ခံဆောင်ရွက်ပေးနေတာပါ။



Share

Loading Next Article...
က္က