ဘုန်းမောက်ကို မရောက်ခင် ၃လလောက် အသင်းလက်မဲ့ ဖြစ်ခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းနှင့်အတူ PFAတစ်နှစ်တာ အကောင်းဆုံး လူငယ်ဆုကို ရရှိခဲ့ဖူးတဲ့အထိ ခြေစွမ်းတောက်ပခဲ့တဲ့ ဝီးလ်ရှိုင်းယားတစ်ယောက် ၃လလောက် အသင်းလက်မဲ့ ဖြစ်ပြီးမှ အခုတော့ ဘုန်းမောက်အသင်းနှင့်အတူ ချန်ပီယံရှစ်မှာ ကစားနေရပါတယ်။

ဘေဘီဂျက်လို့ ချစ်စနိုး ခေါ်ခဲ့ဖူးကြတဲ့ ဝီးလ်ရှိုင်းယားတစ်ယောက် အခုတော့ အသက် ၂၉နှစ်ထဲကိုဝင်လို့ ထိပ်စီး ပြောင်းခါနီးတောင် ရောက်နေပါရောလား။



တချိန်က အာဆင်နယ်အသင်းနှင့်အတူ အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ပွဲထွက်ကစားခဲ့သူ စံချိန်တွေတောင် တင်ပြခဲ့ပြီး လျှမ်းလျှမ်းတောက် ခဲ့ပေမယ့် အခုတော့ နေဝင်ချိန်တွေဟာ စောပြီး ရောက်လာခဲ့ပြီလေ။

အာဆင်နယ်အသင်းနှင့်အတူ အက်ဖ်အေဖလား တစ်ကြိမ်၊ကွန်မြူနတီဒိုင်းတစ်ကြိမ် ရရှိခဲ့ဖူးတဲ့ ဝီးလ်ရှိုင်းယားဟာ ငယ်စဥ်က တစ်ဦးချင်း ထူးချွန်ဆုတွေလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

၂၀၁၃-၁၄နဲ့ ၂၀၁၄-၁၅တွေမှာ နှစ်နှစ်ဆက် BBCရဲ့ တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆု တွေကို ပိုင်ဆိုင်ခဲ့ဖူးပြီး၊ ၂၀၁၀-၁၁ခုနှစ်မှာ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု၊ အာဆင်နယ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု စတဲ့ထူးချွန်ဆုတွေကို ရခဲ့ဖူးသူပါ။

ဒါပေမယ့်လည်း ဂျက်ဟာ သူ့ရဲ့ ဘောလုံးနဲ့ နီးကပ်စွာ ကစားဟန်ကြောင့် ပရီးမီးယားလိဂ်လို နေရာမျိုးမှာ ဒဏ်ရာ မကြာခဏရလာပါတယ်။

ဒီကစားဟန်ကို ပြင်ဖို့ကိုလည်း နည်းပြကြီး အာစင်ဝင်းဂါးက အတန်တန် သတိပေးခဲ့ဖူးပေမယ့် သူဟာ မပြင်နိုင်တဲ့ အတွက် နောက်ဆုံးမှာ ဒဏ်ရာတွေရဲ့ နှိပ်စက်မှုကနေ အကောင်းဆုံးခြေစွမ်းတွေနဲ့ ဝေးကွာလာပါတယ်။

ဒီလိုနဲ့ အာဆင်နယ်အသင်းဟာ ၂၀၁၆-၁၇မှာတော့ ဘုန်းမောက်အသင်းထံ တစ်ရာသီအငှားနဲ့စေလွှတ်ခဲ့ပြီး ၂၀၁၈ မှာတော့ ဝက်စ်ဟမ်းအသင်းထံ အပြီးသတ် ရောင်းချခဲ့ပါတယ်။

ဝက်စ်ဟမ်းမှာလည်း ဒဏ်ရာနှိပ်စက်မှုနဲ့အတူ ၁၆ပွဲသာ ကစားခဲ့ရပြီး အခုတော့ ချန်ပီယံရှစ်က ဘုန်းမောက်အ သင်းမှာ ကစားနေပါတယ်။

“ကျွန်တော့်ကိုယ် ကျွန်တော် ချန်ပီယံရှစ်မှာ ကစားဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပါဘူး။လွန်ခဲ့တဲ့ ၁၀နှစ်လောက် ကသာ ကျွန်တော့်ကို အခုလို ချန်ပီယံရှစ်မှာ ကစားနိုင်လားလို့မေးရင် နိုးလို့ ကျွန်တော် ဖြေခဲ့မိမှာပါ။ဒါပေမယ့် အခုတော့ ကျွန်တော်ဒီကိုရောက်နေရပါပြီ။ ကျရာနေရာမှာတော့ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်ပြီး ဘုန်းမောက်နှင့်အတူ ပရီးမီးယားလိဂ်ကို ပြန်လာချင်ပါတယ်။”လို့ ဂျက်က ပြောလာပါတယ်။

ဂျက်ဟာ ပရော်ဖက်ရှင်နယ် ပီသသူတစ်ဦးလို့ ပြောနိုင်ပြီး ဝက်စ်ဟမ်းအသင်းမှာ မကစားရပဲ ဒဏ်ရာတွေနဲ့ လစာ ထိုင်ယူနေရချိန်မှာအသင်းဖက်ကနေ တောင်းဆိုမှုအရ ကိုဗစ်ကာလလည်း ဖြစ်နေတဲ့အတွက် သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းတန် စာချုပ်ကို ဖျက်သိမ်းပေးခဲ့ပါတယ်။

ဒီလို အသင်းဖျက်သိမ်းလိုက်ပြီး ၃လလောက်အထိ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ အသင်းလက်မဲ့ ဖြစ်နေခဲ့ပါ သေးတယ်။

အခုတော့ ဘုန်းမောက်အသင်းမှာ ကစားနေပြီး ဘုန်းမောက်အသင်းဟာ လက်ရှိ ချန်ပီယံရှစ် ၂၅ပွဲကစားအပြီးမှာ ၁၁ပွဲနိုင် ၉ပွဲသရေ ၅ပွဲရှုံးပြီး အဆင့် ၆မှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က