ချယ်လ်ဆီးနည်းပြဘဝမှာ သူ ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ၈၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်မှာတော့ နိုင်ပွဲ ၆၂ ပွဲနဲ့ သရေပွဲ ၂၄ ပွဲ ပါဝင်ခဲ့ကာ သွင်းဂိုး ၁၇၅ ဂိုးနဲ့ ပေးဂိုး ၄၄ သာရှိခဲ့ပြီး ရက်ပေါင်းအားဖြင့် ၁၄၆၂ ရက်အထိ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ 


ချယ်လ်ဆီးအသင်းမှာ သူရရှိခဲ့တဲ့ အိမ်ကွင်း ၈၆ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ ခဲယဉ်းလွန်းတယ်လို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနည်းပြဘဝနဲ့ ကမ္ဘာကျော်နည်းပြတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ နှစ်အတန်ကြာ အိမ်ကွင်းမှာ ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့သူဖြစ်ပြီး ဒီလိုဖြစ်လာဖို့အတွက် တကယ်မလွယ်ကူခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ပွဲစဉ်မှာ လီဗာပူးလ်က အိမ်ကွင်းမှာ ဘန်လေကို အရေးနိမ့်ခဲ့ပြီး ၆၈ ပွဲဆက်ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ ဒါဟာ မော်ရင်ဟိုရဲ့ စံချိန်ကို လိုက်မီဖို့အတွက် ၁၈ ပွဲသာ လိုအပ်နေချိန်မှာ ကျိုးပျက်ခဲ့ရတာဖြစ်ပြီး မော်ရင်ဟိုရဲ့ ပြောဆိုမှုဟာ လီဗာပူးလ်ကို သွယ်ဝိုက်ကာ ပြောဆိုခဲ့တာလားလို့ ထင်မှတ်စရာလည်း ရှိခဲ့ရပါတယ်။ 

၂၀၀၄ ဖေဖော်ဝါရီကနေ ၂၀၀၈ အောက်တိုဘာလအထိ ၄ နှစ်ကျော်ကြာ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ခဲ့တဲ့ မော်ရင်ဟိုက "စံချိန်မှတ်တမ်းတွေဆိုတာက ကျိုးပျက်ဖို့ပါပဲ၊ ဘယ်လောက်ကောင်းတဲ့စံချိန်ဖြစ်ဖြစ် ကျော်ဖြတ်ခံရမှာပါပဲ။ တချို့စံချိန်တွေကို ကြည့်မယ်ဆိုရင် တချို့လူတွေအတွက် မဖြစ်နိုင်ဘူးလို့ ခံစားရကောင်းခံစားရနိုင်ပါတယ်၊ လီဗာပူးလ် လုပ်ပြခဲ့တာတွေက အရမ်းကို အံ့အားသင့်စရာပါ"

"တကယ်ကိုခက်ခဲပြီးမှ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုပါ၊ ချယ်လ်ဆီးမှာ ကျွန်တော်လုပ်ခဲ့တဲ့စ့ချိန်တွေကလည်း ချိုးဖျက်ဖို့ခက်ခဲတဲ့ စံချိန်ဆိုတာ အသေအချာပါပဲ၊ ဒါပေမယ့် အိမ်ကွင်းမှာ ရှုံးပွဲမရှိအောင် အချိန်အကြာကြီးနေနိုင်ခဲ့တဲ့ လီဗာပူးလ်ရဲ့ စွမ်းဆောင်ရည်အတွက်တော့ တကယ်ကိုချီးကျူးပါတယ်" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

မော်ရင်ဟိုရဲ့ အိမ်ကွင်း ၈၆ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ဟာ သူထုတ်ပယ်ခံရပြီးနောက် အစားဝင်လာခဲ့တဲ့ အေဗရန်ဂရန့်ရဲ့ အိမ်ကွင်းပွဲဦးထွက်ပွဲစဉ်မှာပဲ လီဗာပူးလ်ကို အရေးနိမ့်ကာ ကျိုးပျက်ခဲ့ရတာဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ ၈၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်မှာတော့ နိုင်ပွဲ ၆၂ ပွဲနဲ့ သရေပွဲ ၂၄ ပွဲ ပါဝင်ခဲ့ကာ သွင်းဂိုး ၁၇၅ ဂိုးနဲ့ ပေးဂိုး ၄၄ သာရှိခဲ့ပြီး ရက်ပေါင်းအားဖြင့် ၁၄၆၂ ရက်အထိ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ 

Share

က္က