မွေးနေ့ မတိုင်ခင်မှာ ပြုလိုက်တဲ့ ကုသိုလ်အလှူလေးပါ။

နေခြည်ဦးကတော့ ဘုရားတည် ၊ ကျောင်းဆောက်ပြီး သာသနာအကျိုးပြုရသူ တစ်ယောက်ဖြစ်ချင်တဲ့ သူမရဲ့ ဆန္ဒကို ဖြည့်ဆည်းခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။ 

Photo: Nay Chi Oo



နေခြည်ဦးကတော့ ဇန်နဝါရီလ (၂၅) ရက်နေ့ ဆိုရင် သူမရဲ့ အသက်(၂၉) နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ ဘုရားတည်၊ ကျောင်းဆောက် သာသနာအကျိုးပြုချင်ခဲ့တဲ့ သူမအတွက်တော့ တကယ်ကို ဆန္ဒပြည့်တဲ့ အလှူလေး ဖြစ်ခဲ့ပြီလို့ ပြောပါတယ်။ 

" နေခြည် အသက် (၂၉) နှစ်မပြည့်ခင် ဘုရားတည် ကျောင်းဆောက်ပြီး သာသနာကို အကျိုးပြုရသူ ဖြစ်ချင်တဲ့ ဆန္ဒကို လိုက်လျော ဖြည့်ဆည်းပေးကြတဲ့ ဗောဓိကိုးထောင်ဆရာတော်ကြီး သစ်တံခါးဆရာတော်ကြီး နဲ့ အချစ်ဆုံး ဖေကြီး ဒေါက်တာမျိုးမြင့်စိန်တို့ကို အရမ်း ကျေးဇူးတင်ပါတယ်။ နေခြည်နဲ့ အလုပ်တွဲလုပ်ပေးကြတဲ့ ကျေးဇူးရှင် စီးပွားရေးလုပ်ငန်းရှင်များနဲ့ အချစ်ဆုံး chillies တွေရဲ့ အားပေးမှုနဲ့ ရခဲ့တဲ့ ချွေးနည်းစာတွေထဲကမှ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဗောဓိကိုးထောင်ဆရာတော်ကြီး ကျောင်းတိုက်တွင်း နဂါးရုံဘုရားကြီးနဲ့ ရှေးဟောင်း ရေကန်ကြီး မွမ်းမံတည်ဆောက်နိုင်ရေးအတွက် အလှူငွေ သိန်း (၅၀၀) ကျပ် သစ်တံခါးဆရာတော်ကြီး ဒုတိယအောင်မြေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ ကျောင်းတိုက်ခွဲ အတွင်း တစ်ပါးကျောင်းဆောင်အတွက် အလှူငွေ သိန်း (၁၀၀)ကျပ် စုစုပေါင်း အလှူငွေ သိန်း (၆၀၀) ကျပ်တိတိကို လှူဒါန်းခဲ့ပါတယ်" ဆိုပြီးတော့ ဇန်နဝါရီလ (၂၃) ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Nay Chi Oo

ဒါ့ အပြင် နေခြည်ဦးက" နေခြည် ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု အားလုံးကို chillies တွေကို အမျှပြန်လည်ပေးဝေပါတယ်။ အမျှရကြပြီး နှစ်သစ်မှာ စည်းပွါးလာဘ်လာဘတွေ ပေါကြွယ်ဝကြပါစေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေနော်" ဆိုပြီးတော့ သူ့ရဲ့ ကုသိုလ်လေးတွေကိုလည်း ပရိသတ်အတွက် ပြန်လည် မျှဝေ ခဲ့ပါသေးတယ်။ နေခြည်ဦး ကိုချစ်တဲ့ ပရိသတ်တွေ အနေနဲ့ သူမရဲ့ အလှူအတွက် သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြသလို မွေးနေ့ အကြို ဆုတောင်းလေးတွေကိုလည်း Comment ကနေ တဆင့် ပြောခဲ့ပါတယ်။ 


Photo: Nay Chi Oo

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က