ဘယ်လို နာမည်လေး ဖြစ်မလဲ။

စိုးပြည့်သဇင်ကတော့ သူမရဲ့ အနုပညာသက်တမ်း(၁၅) နှစ်အထိ အားပေးလာခဲ့ကြတဲ့ အမာခံပရိသတ်တွေအတွက် Fan Name လေးပေးဖို့ စဉ်းစားနေပြီလို့ဆိုပါတယ်။ 

Photo: Soe Pyae Thazin



စိုးပြည့်သဇင်ကတော့ သူမရဲ့အနုပညာအလုပ်တွေကို (၁၃) နှစ်အရွယ်ကတည်းက လုပ်လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦးပါ။ အခုဆိုရင်တော့ သူမရဲ့ အနုပညာသက်တမ်းဟာ (၁၅) နှစ်ရှိပါပြီ။ ဒါကြောင့် (၁၅) နှစ်တိုင်တိုင် အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေအတွက် Fan Name လေး ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

" စိုးပြည့်ကိုချစ်တဲ့fansလေးတွေ၊ စိုးပြည့်ကချစ်ရတဲ့fansလေးတွေအတွက် စိုးပြည့်နဲ့ ချစ်တဲ့သူတွေချိတ်ဆက်ထားမယ့်...fan nameလေးတစ်ခုပေးချင်ပါတယ်။ စိုးပြည့်အနုပညာသက်တမ်း(၁၅) နှစ်မှာ တစ်ခါမှ fan name မပေးခဲ့ဖူးပါဘူး။ အရင်ထဲကတော့ နာမည်လေးပေးချင်ခဲ့တာ။ စိုးပြည့်ကိုယ်တိုင်ပေးတာထက် ပရိသတ်တွေက ရွေးပေးစဉ်းစားပေးတဲ့ နာမည်လေးကိုအမှတ်တရ ပေးချင်ပါတယ်။ ဒါကြောင့် စိုးပြည့်နာမည်လေးလည်းတစ်လုံးလောက်တော့ပါတဲ့ fan nameလေးတစ်ခုကို ချစ်တဲ့သူများကရွေးပေးပါနော်။ အဲဒီထဲကမှစိုးပြည့်လည်းသဘောကျတဲ့ အားလုံးလည်းသဘောကျမယ့်နမည်လေးတစ်ခုကို..စိုးပြည့်ရွေးမယ်နော် Love you all" ဆိုပြီးတော့ ဇန်နဝါရီလ (၂၄) ရက်နေ့ နေ့လည် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Soe Pyae Thazin

သူမဟာ အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ ဒီဆုကတော့ ၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် “ မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကား ကြီး နဲ့ ဆုရခဲ့တာပါ။ အနုပညာသက်တမ်း တစ်လျှောက်မှာ စိုးပြည့်သဇင်ဟာ ဇာတ်ကားပေါင်း (၁၀၀) ကျော် ရိုက်ကူးခဲ့သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် သူမဟာ ဂီတဘက်မှာလည်း တစ်ကိုယ်တော် အခွေ (၃) ခွေ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အနုပညာသက်တမ်း(၁၅) နှစ်တိုင်တိုင် ပရိသတ် အခိုင်အမာ နဲ့ ရပ်တည်လျှက်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ။ 

Photo: Soe Pyae Thazin

အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူတစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ဟာ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီစိုးမြတ်နန္ဒာ နဲ့ သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင် တို့ရဲ့ ညီမဝမ်းကွဲ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ညီအစ်မတွေ စုပြီး "မင်းသမီး" ပိုးထည်ဆိုင်ကိုလည်း စီးပွားရေး တစ်ခုအနေနဲ့ ဖွင့်လှစ်ထားတာ တွေ့ရပြီး စိုးပြည့်သဇင်အနေနဲ့ ကိုယ်ပိုင် သီးသန့် စီးပွားရေး တစ်ခု လုပ်ဖို့အတွက် စီစဉ်နေတယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က