ဂီတလောကထဲကိုလည်း ခြေလှမ်းစတင်နေပြီဖြစ်ပါတယ်။

နော်ဖောအယ်ထားကတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါ သီချင်းလေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Naw Phaw Eh Htar



နော်ဖောအယ်ထားကတော့ “ ဆောင်းညအိပ်မက်” ဆိုတဲ့ သီချင်းလေးကို Cover Song အနေနဲ့ ပြန်လည်သီဆိုထားတာ တွေ့ရပါတယ်။ ဒီသီချင်းကတော့ တေးရေးဆရာ စံပီး ရေးသားပြီး မီးမီးခဲ ကိုယ်တိုင် သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ပထမဆုံးအကြိမ်ဆိုတဲ့ သီချင်းဖြစ်တာကြောင့် စိတ်လှုပ်ရှားမှုတွေ များခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

“ နော်ဖောက သီချင်းဆိုတာ ဝါသနာပါတယ်ဆိုတာထက် နော်ဖောကိုယ်တိုင် အရမ်းကြိုက်တဲ့ ခရစ္စမတ် သီချင်းလေးလည်းဖြစ်တယ်၊ ငယ်ငယ်လေးကတည်းက သဘောကျခဲ့တဲ့ သီချင်းပါ။ ကိုယ်တိုင်ကလည်း သီချင်းဆိုရတာကို သဘောကျတယ်၊ အမေကလည်း အရမ်းတိုက်တွန်းတဲ့အတွက် နော်ဖော ဆိုဖြစ်ခဲ့တာပါ။ ပြီးတော့ ပရိသတ်တွေက နော်ဖောကို သီချင်းနဲ့ တွဲမြင်ဖူးကြတာ မရှိဘူး ဒါက ပထမဆုံး သီချင်းပါ။ Surprise လည်းဖြစ်တယ်။ ဒါပေမယ့် သီချင်းလေးကို တစ်ရက်အတွင်း အားပေးခဲ့ကြတဲ့ ကြည့်ရှုသူတွေလည်း အများကြီးရှိခဲ့တယ်။ အဲဒီအတွက် အရမ်းလည်း ဝမ်းသာတယ်၊ ပျော်လည်း ပျော်ပါတယ်” လို့ Duwun ကို ပြောပါတယ်။

Photo: Naw Phaw Eh Htar

“ ဆောင်းညအိပ်မက်” Cover Song လေးကိုတော့ ဒီဇင်ဘာလ (၂၄) ရက်နေ့ ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကြောင့်လည်း နောက်ထပ် သီချင်းလေးတွေ ဖန်တီးသွားမယ်လို့ နော်ဖောအယ်ထားက ဆိုပါတယ်။ 

“ သီချင်းတွေ အများကြီးဆက်လုပ်ဖို့ စဉ်းစားထားတာတော့ မရှိဘူး။ ဒါပေမယ့် နော်ဖောရဲ့ အမေ တိုက်တွန်းထားတဲ့ ကရင်သီချင်းလေး တစ်ပုဒ်တော့ ထပ်ဆိုဖို့ရှိတယ်။ အမေ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တာလည်းပါတယ်၊ နော်ဖောကိုယ်တိုင်ကလည်း ကရင်စကား တတ်တာလည်းပါတယ်ဆိုတော့ ဒီသီချင်းလေး အကောင်းဆုံး ဖြစ်လာဖို့ကိုလည်း နော်ဖော ကြိုးစားပြင်ဆင်နေတယ်။ ကိုယ်တိုင်က အစကတည်းက အနုပညာပိုးပါတဲ့ သူဆိုတော့ ပရိသတ်တွေက အကောင်းဆုံးဖြစ်မယ်လို့ ပြောလာတဲ့အရာတိုင်းကို နော်ဖော အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Naw Phaw Eh Htar

နော်ဖောအယ်ထားကိုတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI အလှကုန်ပစ္စည်းကြော်ငြာ ကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ချစ်စရာကောင်းတဲ့ ရုပ်သွင်အပြင်ကြောင့် ကြော်ငြာတော်တော်များများ ရိုက်ကူးနေရသူ တစ်ယောက်ပါ။ အဲဒီနောက်မှာတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတာနဲ့အမျှ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာရတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က