သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေကနေ ဥပဒေကြောင်းအရလိုအပ်တဲ့ အကူအညီတွေ ကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း တရားစွဲဆိုခံထားရတဲ့ ဆရာ ဆရာမတွေကို ဥပဒေကြောင်းအရ အကူအညီပေးသွားမှာဖြစ်တယ်လို့ အခြေခံ ပညာဦးစီးဌာနရဲ့ တာဝန်ရှိသူကပြောပါတယ်။ 



 ဒါကြောင့် တရားရင်ဆိုင် နေရတဲ့ ဆရာ ဆရာမတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေကနေ ဥပဒေကြောင်းအရလိုအပ်တဲ့ အကူအညီတွေ ကူညီဆောင်ရွက်ပေးဖို့၊ ကော်မရှင်နဲ့ ညှိနိူင်းဆောင်ရွက်ပေးဖို့ အတွက် ၎င်းတို့ဆီကို အကြောင်းကြားပြီးဖြစ်တယ်လို့ သိရပါတယ်။

"ကော်မရှင်နဲ့ ဘယ်လိုဖြစ်လဲဆိုတာကို အတိမ်အနက်ကိုကြည့်ပြီးတော့ သက်ဆိုင်ရာမြို့နယ်တို့၊တိုင်းတို့၊ခရိုင်တို့ကနေ ကူညီဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။သူတို့ကအနီးကပ်ဆုံးလူလေ ၊အနီးကပ်ဆုံးကော်မရှင်နဲ့ဘယ်လိုညှိပြီး ဆောင်ရွက်ရမလဲဆိုတာကို သက်ဆိုင်ရာမြို့နယ်ကိုညွှန်ကြားထားတာပါခင်ဗျ

လိုအပ်တဲ့အကူအညီကို ဆောင်ရွက်ပေးပါလို့ညွှန်ကြားထားတာ"လို့ အခြေခံပညာရေးဦးစီးဌာန၊ရုံးချုပ်နေပြည်တော် ၊ညွှန်ကြားရေးမှူး (စီမံ)ဒေါက်တာကျော်ဝင်းစိုးကပြောပါတယ်။

ဒါ့ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရင်း တရားစွဲဆိုခံထားရပြီး တရားရင်ဆိုင်နေရတဲ့ ဆရာ ၊ဆရာမတွေအနေနဲ့ မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး ၊ မြို့နယ်ပညာရေးမှူးရုံးတွေကို သွားရောက် အသိပေးပြီးအကူအညီတောင်းခံနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လက်ရှိအခြေအနေမှာတော့ တရားစွဲခံရပြီး တရားရင်ဆိုင်နေရတဲ့ ဆရာ ဆရာမတွေအပေါ် အခြေခံပညာဥိးစီးဌာနက ထိရောက်တဲ့ကူညီမှုတွေ လုပ်ဆောင်ပေးတာမျိုးမရှိသေးဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးဇော်မျိုးလိူင်ကပြောပါတယ်။

"သူတို့ကပဲအပေါစီးကနေ အမိန့်နဲ့ ငါတို့ဆီလာသတင်းပို့ ငါတို့ဆီလာအကူညီတောင်းပေါ့။ ပျော်ဘွယ်ဆို ၅ ချိန်းရှိမယ်။ လူတွေက ရုံးချိန်း ၅ ချိန်းနဲ့ရှေ့နေတွေနဲ့ အကုန်လုံးလုပ်ငန်းစဉ်တွေက ပြီးခါတောင်နီးနေပြီ၊အကယ်၍သာ ထောင်ကျစရာရှိရင် ထောင်နူတ်ခမ်းဝရောက်နေပြီ၊ အခုအချိန်ထိသူတို့က အပေါ်စီးကနေလုပ်ခိုင်းနေတုန်းပဲ။ အဲဲဒီတော့တကယ်တမ်းကျ ကာယကံရှင်ဆီအကူအညီကရောက်မလာဘူး။ ချောင်းသာလည်းဒီလိုပဲ မြို့နယ်ကနေတောင် တရားစွဲဆိုခွင်ပြုသည်ဆိုတဲ့အမိန့်စာထွက်လာသေးတာ အဲဒီီတော့ဘယ်မြို့နယ်မှာဘာဖြစ်တယ်ဆိုတာသူတို့သိတယ်ဒါပေမယ့်ငါတို့ဆီလာအကူအညီတောင်း၊ ငါတို့ဆီလာသတင်းပို့ ဆိုတဲ့အပေါ်စီးဆန်ဆန်ပဲ အဓိပ္ပါယ်သက်ရောက်တယ်"လို့ပြောပါတယ်။ 

ဒါကြောင့် လက်ရှိမှာ တရားရင်ဆိုင်နေရတဲ့ ချောင်းသာ နဲ့ ပျော်ဘွယ်က ဆရာ ဆရာမတွေကို 

တရားရင်ဆိုင်မှုအတွက် သွားရေးလာရေး၊ ကုန်ကျစရိတ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်က ကူညီတာဝန်ယူစီစဉ်ပေးပြီး၊ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်တွေကိုတော့ ရှေ့နေများကွန်ယက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

ရွေးကောက်ပွဲမှာ မဲရုံမှူး၊မဲရုံတာဝန်ထမ်းဆောင်ရင်း တရားစွဲခံထားရသဖြင့် MTF နဲ့ ချိတ်ဆက်မိပြီး ကူညီဆောင်ရွက်ပေးနေတာ ချောင်းသာနဲ့ပျော်ဘွယ် နှစ်နေရာရှိတယ်လို့သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က