သူ့ရဲ့ခေါင်းပေါ်တည့်တည့်က ဘောလုံးထွက်သွားခဲ့တာပါ။

ဖာနန်ဒက်စ်က အယ်လစ်ဆန်စောင့်နေတဲ့ ဘယ်ဘက်ထောင့်ထဲကို ခပ်ပြင်းပြင်းကန်သွင်းယူခဲ့ရာမှာ သီယာဂိုရဲ့ ခေါင်းပေါ်ကနေကျော်ပြီး တန်းတန်းမတ်မတ်ဝင်သွားခဲ့တာဖြစ်ပါတယ်။ 


လီဗာပူးလ်ကွင်းလယ်လူသီယာဂိုဟာ ယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်ကန်သွင်းခဲ့တဲ့ အလွတ်တည်ကန်ဘော ကန်သွင်းမှုကို ရှောင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အက်ဖ်အေဖလားပွဲအဖြစ်ကစားခဲ့တဲ့ ပွဲမှာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးက အဆုံးအဖြတ်ဖြစ်ခဲ့ပြီး လီဗာပူးလ်အနေနဲ့ စတုတ္ထအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ 

တစ်ဖက်နှစ်ဂိုးစီသရေကျနေချိန်မှာ ကာဗာနီရဲ့ ပါးနပ်တဲ့လှုပ်ရှားမှုကို ဖာဘင်ဟိုဖျက်ထုတ်ရာကနေ ယူနိုက်တက်က လီဗာပူးလ်ဂိုးဧရိယာစည်းထိပ်နားမှာ ဖရီးကစ်ကန်သွင်းခွင့်ရရှိခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဘောကို ဖာနန်ဒက်စ်က အယ်လစ်ဆန်စောင့်နေတဲ့ ဘယ်ဘက်ထောင့်ထဲကို ခပ်ပြင်းပြင်းကန်သွင်းယူခဲ့ရာမှာ သီယာဂိုရဲ့ ခေါင်းပေါ်ကနေကျော်ပြီး တန်းတန်းမတ်မတ်ဝင်သွားခဲ့တာဖြစ်ပါတယ်။ 

ဘောလုံးလာရာလမ်းကြောင်းတည့်တည့်မှာ သီယာဂိုရှိနေခဲ့တာဖြစ်ပြီး ခေါင်းတိုက်ဖျက်ထုတ်ခဲ့သယောင်ထင်မှတ်ခဲ့ရပေမယ့် အနှေးပြကွက်အရတော့ စပိန်ကွင်းလယ်လူဟာ ကာကွယ်ဖို့အတွက် တစ်စုံတစ်ရာအားထုတ်ခဲ့ခြင်းမရှိတာကို မြင်တွေ့ရလိမ့်မယ်လို့ Sportbible က ရေးသားဖော်ပြခဲ့ပြီး လီဗာပူးလ်တို့ပေးလိုက်ရတဲ့ အနိုင်ဂိုးဟာ သီယာဂိုရဲကအပြစ်မကင်းဘူးလို့ ယူဆခဲ့ရပါတယ်။

လီဗာပူးလ်အနေနဲ့ သီယာဂို ပွဲထွက်ပါဝင်ကစားတဲ့ပွဲတွေမှာ နိုင်ပွဲလုံးဝမရသေးဘူးလို့လည်း သိရပါတယ်။ စပိန်ကြယ်ပွင့်ဟာ အသင်းကွင်းလယ်ပိုင်းကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်ပြီး သူ့ဆီကတဆင့် တိုက်စစ်လမ်းကြောင်းတွေ ပေါ်ထွက်လာခဲ့ပေမယ့် သူ ပွဲထွက်ကစားခွင့်ရတိုင်းမှာ နိုင်ပွဲရရှိဖို့ ကံဇာတာက ပါမလာသေးဘဲ ဆိုးရွားတဲ့မှတ်တမ်းသာ ရရှိခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်ကစားသမားဟောင်းဟာမန်းကလည်း စပိန်ကစားသမားပါဝင်ကစားချိန်မှာဆိုရင် လီဗာပူးလ်ကစားပုံက ဆိုးရွားသွားလေ့ရှိတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ဝေဖန်ထောက်ပြခဲ့ပါသေးတယ်။ သီယာဂိုရဲ့ နှေးကွေးမှုဟာ လီဗာပူးလ်ရဲ့ မြန်နှုန်းမြင့်ကစားဟန်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဟာမန်းကပြောဆိုခဲ့ပြီး ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် လီဗာပူးလ်ကစားဟန်နဲ့တော့ အဆင်မပြေဘူးလို့ သုံးသပ်ခဲ့ပါတယ်။ 

Share

က္က