အက်ဖ်အေဖလားက ထွက်ခဲ့ရလို့ ကလော့ပ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

အသင်းစွမ်းဆောင်ရည်အပေါ် ကလော့ပ်က ကျေနပ်နေပေမယ့်လည်း အမှားတွေအများကြီးကျူးလွန်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ 


သူ့ရဲ့အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ရမှုကနေ သင်ယူနိုင်မှုတွေ ပြုလုပ်ရမယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်က ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲအပြီးမှာ ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပြီး အသင်းအရေးနိမ့်ခဲ့ပေမယ့် ယုံကြည်မှုရှိနေတဲ့အပေါ်မှာ ဘယ်လိုမေးခွန်းထုတ်စရာမှမရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ 



လီဗာပူးလ်ဟာ ဆာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးပြန်ပေးခဲ့ရကာ ဆာလာကပဲ ပြန်လည်ချေပပေးခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်သွင်းဂိုးကြောင် ့အရေးနိမ့်ခဲ့ပြီး အရေးပါတဲ့ဆုဖလားပြိုင်ပွဲတစ်ခုကနေ ထွက်ခွာခဲ့ရပါတယ်။ အသင်းစွမ်းဆောင်ရည်အပေါ် ကလော့ပ်က ကျေနပ်နေပေမယ့်လည်း အမှားတွေအများကြီးကျူးလွန်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

"ကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်၊ ပြီးတော့ ပေးဂိုးတွေအတွက်လည်း အမှားတချို့ရှိခဲ့ပါတယ်၊ ဒီနေရာမှာ အနိုင်ယူချင်တယ်ဆိုရင်တော့ ထိပ်တန်းအဆင့်မှာရှိနေရပါမယ်၊ ကျွန်တော်တို့ မရှိခဲ့ပါဘူး၊ ပထမဂိုးကို မကာကွယ်နိုင်ခဲ့ဘူး၊ ကျွန်တော်တို့ အများကြီးလိုချင်နေခဲ့တာပါ၊ ဘောလုံးရယူနိုင်တဲ့ နေရာတွေမှာ ကစားသမားအများကြီးရှိခဲ့ပါတယ်၊ ဒီလိုမဖြစ်သင့်ပေမယ့်လည်း ဖြစ်နိုင်ပါတယ်"

"ကျွန်တော်တို့တွေ ဒီပွဲကနေ ယူနိုင်စရာတွေရှိပါတယ်၊ ပွဲတိုင်းကတဆင့် ကျွန်တော်တို့ ကြိုးစားသင်ယူသွားရမှာပါ" လို့ ကလော့ပ်က BBC နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဆာလာကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၈ ပွဲကစားခဲ့အပြီးမှာ ၁၉ ဂိုးအထိ ရရှိခဲ့ပြီး ကလော့ပ်က သူ့တိုက်စစ်မှူးကို ချီးကျူးခဲ့ပါတယ်။ 

"ဒါက သူ့အတွက်ကောင်းပါတယ်၊ ယုံကြည်မှုအတွက် ပိုကောင်းတာပေါ့၊ ဒီပွဲက ခက်ခဲခဲ့ပြီး ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် ဒီညမှာ လုံလောက်မှုမရှိခဲ့ပါဘူး၊ တန်ပြန်တိုက်စစ်တွေမှာ ကျွန်တော်တို့ ပြသနာတွေရှိနေပါတယ်၊ ပြင်းထန်ကြိးမားတဲ့ပြသနာပါ၊ ဒါပေမယ့် အပေါင်းလက္ခဏာတော့ဆန်ခဲ့ပါတယ်" လို့ ကလော့ပ်က ထပ်ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က