၈နှစ်ကြာ လက်တွဲခဲ့တဲ့ အာဆင်နယ်နဲ့ လက်တွဲမဖြုတ်ချင်ပဲ ဖြုတ်ခဲ့ရတာပါ။

၈နှစ်ကြာ လက်တွဲခဲ့တဲ့ အသင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို စာမျက်နှာတစ်ခုပေါ်မှာ ချရေးပြဖို့ ဘယ်လို စွမ်းနိုင်မလဲလို့ အိုလ်ဇေးက မချိတင်ကဲ ပြောခဲ့ပါသေးတယ်။

အသက် ၃၂နှစ်အရွယ်ဂျာမနီကွင်းလယ်လူ အိုလ်ဇေးကတော့ အခုချိန်မှာ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ ၃နှစ် ခွဲသက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပါပြီ။



တူရကီကလပ်နဲ့ စာချုပ်မချုပ်ဆိုမီမှာ အိုလ်ဇေးဟာ လန်ဒန်ကလပ် အာဆင်နယ်အသင်းမှာ ၈နှစ်လောက် ကျင် လည်ခဲ့သူလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနှင့်အတူ အက်ဖ်အေဖလား ၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၅၄ပွဲမှာ ၄၄ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့်သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လကစတင်ပြီး အာဆင်နယ်အသင်းနှင့်အတူ ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့ ပဲ ယခုနှစ်အတွက် လိဂ်နဲ့ ယူရိုပါလိဂ်ဖလား ပြိုင်ပွဲဝင် အာဆင်နယ်အသင်းလူစာရင်းမှလည်း ချန်လှပ်ခံခဲ့ရပါ တယ်။

ဒီလိုချန်လှပ်ခံရတယ်ဆိုတာလည်း ဒဏ်ရာကြောင့်မဟုတ် အခြားအကြောင်းကြောင်းတွေကြောင့် မဟုတ်ပဲ အများက ထင်ကြေးပေးသုံးသပ်နေကြသလို တရုတ်အရေးကိစ္စကြောင့်လို့ သိရပါတယ်။

“ကျွန်တော့် ချစ်ခြင်းမေတ္တာတွေကို အာဆင်နယ်အသင်းပရိသတ်တွေ သိအောင် စကားလုံးတွေနဲ့ ပုံဖော်ပြောဖို့ အရမ်းခက်ပါတယ်။၈နှစ်လောက်အသင်းနှင့်အတူ ဖြတ်သန်းခဲ့တာတွေကို စာမျက်နှာတစ်ခုတည်းနဲ့ ပြည့်စုံ အောင် ကျွန်တော် ဘယ်လို ရေးပြနိုင်မှာလဲ။ဘဝမှာ ကျွန်တော်ဟာ အမြဲတမ်း ဂန်းနားဖြစ်သွားမှာပါ။ဒါကိုတော့ သံသယ မဖြစ်ပါနဲ့။”လို့ အိုလ်ဇေးက ဆိုခဲ့ပါတယ်။

အိုလ်ဇေးရဲ့ ဒီစကားသံဟာ အိုလ်ဇေးအသင်းက ထွက်သွားလို့ စိတ်ပျက် ဝမ်းနည်းပြီး ယူကျုံးမရ ဖြစ်နေကြတဲ့ အာ ဆင်နယ်ပရိသတ်တွေအတွက်တော့ ပိုပြီး ခံရခက်စေမှာ အမှန်ပင်။

၂၀၁၃ခုနှစ်က ပေါင် ၄၂.၄သန်းနဲ့ ရီးရဲကနေ အိုလ်ဇေးစရောက်လာတော့ အာဆင်နယ် တစ်မျိုးလုံး ပျော်ရွှင်ခဲ့ကြရ ပါတယ်။

ပထမဆုံး ရောက်လာတဲ့နှစ်မှာပဲ ၉နှစ်ကြာ ပျောက်ဆုံးနေတဲ့ အက်ဖ်အေဖလား အောင်မြင်မှုကို ပြန်လည်ရရှိစေခဲ့ တာကလည်း အိုလ်ဇေးကို ပိုမို တန်ဖိုးထားချစ်ခင်လာစေပါတယ်။

နောက်တစ်နှစ်မှာတော့ ဒူးဒဏ်ရာကြောင့် ၃လခန့် အနားယူလိုက်ရပေမယ့်လည်း အက်ဖ်အေဖလားကို နှစ်နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

အခုတော့ ကစားသမား၊နည်းပြအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေဟာ အမြဲတမ်း ဝင်လိုက် ထွက်လိုက်ဆိုတဲ့ သံသရာထ ထဲမှာ အိုလ်ဇေးလည်း ပါဝင်သွားခဲ့ပြီးအာဆင်နယ်အသင်းရဲ့ ပုံရိပ်နဲ့ ပရိသတ်တွေ ကတော့ အမြဲတမ်း အတွက် ရှိနေဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က