ယခုနှစ်မှာ ရီးရဲအသင်းကနေ အငှားနဲ့ ခေါ်ထားတာ ၂ဦးရှိပါပြီ။

အသက် ၂၂နှစ်အရွယ် အိုဒီဂတ်ရဲ့ အငှားကြေးအဖြစ် အာဆင်နယ်အသင်းဟာ ရီးရံအသင်းထံ ပေါင် ၂.၅သန်း ပေး ချေခဲ့ရသလို ကစားသမားရဲ့ လစာကိုလည်း ပေးချေပေးရမှာပါ။

အာဆင်နယ်အသင်းနဲ့ ရီးရဲအသင်းတို့ဟာ မာတင်အိုဒီဂတ်ကို အငှားနဲ့ ပြောင်းရွှေ့ပေးဖို့ နှစ်ဖက် သဘောတူညီမှုရ ခဲ့ပြီလို့ Daily Mailက ဖော်ပြလာပါတယ်။



ဒါကြောင့် အသက် ၂၂နှစ်အရွယ် ကစားသမားဟာ ရီးရဲအသင်းထံမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လု ဆဲဆဲ အနေအထားမှာ ရှိနေပြီဖြစ်ပြီး တနင်္လာနေ့(ယနေ့)မှာတော့ ဆေးစစ်မှုတွေ ပြုလုပ်သွားဖွယ်ရှိတယ်လို့လည်း သိရ ပါတယ်။

အကြောင်းကတော့ တနင်္ဂနွေနေ့က အိုဒီဂတ်ဟာ လန်ဒန်ကို ရောက်ရှိလာပြီးအသင်းသစ်နဲ့ မပူးပေါင်းခင် ကာလအတွင်း  ကွာရန်တင်း ဝင်စရာမလိုအပ်သေးတာကြောင့်လို့လည်းသိရပါတယ်။

မကြာခင်မှာတော့ ကစားသမားနဲ့ နည်းပြ အာတီတာတို့ဟာ သီးသန့် ဆွေးနွေးသွားဖို့လည်း ရှိနေပြီး အိုဒီဂတ်ကို နည်းပြ အာတီတာ ဘယ်လိုသုံးချင်လဲ၊ကစားသမားရဲ့ အသင်းမှာ နေရာရနိုင်မှုက ဘယ်လိုအခြေအနေလဲ စတာ တွေကို အသေးစိတ် ဆွေးနွေးမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ရီးရဲအသင်းကို အိုဒီဂတ်ရဲ့ အငှားကြေးအဖြစ် ပေါင် ၂.၅သန်း ပေးချေရပြီး အိုဒီဂတ်ရဲ့ လစာကိုလည်း ပေးချေပေးရမှာလို့ သိရပါတယ်။

အိုဒီဂတ်ဟာ ရီးရဲအသင်းကနေ အာဆင်နယ်အသင်းထံ အငှားနဲ့ လာကစားတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပြီး ပထမ ကစားသမားကတော့ ကွင်းလယ်လူ စီဘယ်လော့စ်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က