၈၆မိနစ်မှာ လူစားလံခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပွဲအပြီး ဥမင်လှိုင်ခေါင်းအတွင်းသို့ ဝင်သွားချိန် ထော့့့့့နဲ့ ထော့့့့့နဲ့ ဖြစ်နေခဲ့တဲ့အပေါ်မီဒီယာက အခြေအနေ မေးကြည့်ရာမှာ ဒူးဒဏ်ရာရထားတယ်လို့ ဆိုးလ်ရှားက အတည်ပြုပေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်အေဖလားစတုတ္ထအဆင့် ပွဲစဥ်မှာ လီဗာပူးအသင်းကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့အတွက် ပဥ္စမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါပြီ။



လီဗာပူးကတော့ ယူနိုက်တက်နဲ့ ၂ပွဲဆက် ရင်ဆိုင်ကစားခဲ့ရရာမှာ လိဂ်မှာ ဂိုးမရှိသရေကျပြီး အက်ဖ်အေဖလားပွဲ မှာ အရေးနိမ့်ခဲ့လို့ ထိပ်တိုက်တွေ့ဆုံမှုအရ အရေးနိမ့်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းအနေနဲ့ အက်ဖ်အေဖလားပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ လူငယ် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ဒဏ်ရာရသွားလို့ အနည်းငယ်တော့ စိတ်ပျက်စရာ ကြုံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်က လီဗာပူးကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်း၊တစ်ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ ၈၆မိနစ်မှာ မာရှယ်နဲ့ လူစားလဲခဲ့ရပါတယ်။

အဲ့နောက် ပွဲချိန်ပြည့်လို့ ကစားသမားတွေအားလုံး ဥမင်လှိုင်ခေါင်းအတွင်းပြန်ဝင်သွားချိန်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ခြေထောက် ထော့နင်းထော့နင်း ဖြစ်နေတာတွေ့လို့ မီဒီယာမှ အခြေအနေမေးမြန်းခဲ့ရာ ဒူးဒဏ်ရာရထားတယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြု ပြောပြလာပါတယ်။

“သူ့ဒူးအခြေအနေကတော့ တကယ့်ကို စိတ်ပျက်စေပါတယ်၊ဒီတော့ သူ မနက်ဖြန်မှာ ဓာတ်မှန်ရိုက်စစ်ဆေးဖို့ လို ပါတယ်။ပြီးမှပဲ အခြေအနေသိရပါမယ်။”လို့ ဆိုးလ်ရှားက ပြောခဲ့တာပါ။

တဆက်တည်းမှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပြီးမှ နောက်ကနေပြန်လိုက်ကစားကာ ပွဲအပြီးမှာတော့ ၃-၂ဂိုးနဲ့ အနိုင် ရရှိအောင် ကြိုးစားခဲ့ကြတဲ့သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ကစားဟန်ကိုလည်း ဆိုးလ်ရှားက ဂုဏ်ပြုပြောခဲ့ပါ သေးတယ်။

အဆိုပါပွဲမှာ ရက်ရှ်ဖို့ဒ်နည်းတူ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၁၉နှစ်အရွယ် ဂရင်းဝုဒ်ကတော့ လွန်ခဲ့တဲ့ ၁၆နှစ်က လီဗာပူးအသင်းကို ဝိန်းရွန်းနီ ဂိုးသွင်းပြီး အသက်အငယ်ဆုံး ယူနိုက်တက်ကစားသမားအဖြစ် လီဗာပူးဖက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အသက်အငယ်ဆုံးဂိုးသွင်းသူ ထပ်မံ ဖြစ်လာပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ ရာသီဝက်ပြီးဆုံးချိန် ၁၉ပွဲကစားအပြီးမှာ မြို့ခံ ပြိုင်ဘက် မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၂မှတ်အသာနဲ့ အဆင့် ၁မှာရှိနေနိုင်ပါတယ်။

အက်ဖ်အေဖလားမှာ ပဥ္စမအဆင့်ကို တက်လှမ်းထားနိုင်ပေမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့်က ထွက်ခဲ့ရလို့ ယူရိုပါ လိဂ် ၃၂သင်းအဆင့်က ဆက်လက်ကစားခွင့်ရထားပါတယ်။

Share

က္က