မကြာသေးခင်ကပဲ ထောင်က လွတ်လာသူဖြစ်ပါတယ်

လာဘ်စားမှု အရှုပ်တော်ပုံ Operation Car Wash မှာ အဖမ်းခံခဲ့ရဖူးတဲ့ ဘရာဇီးသမ္မတဟောင်း မီချယ်လ် တီမာကို Huawei က ဒေသတွင်း 5G အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

ဘရားဇီးနိုင်ငံအတွင်း 5G အကောင်အထည်ဖော်ဆောင်ရေးမှာ တရားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် သမ္မတဟောင်း မီချယ်လ်တီမာကို Huawei က ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပါမောက္ခနဲ့ ရှေ့နေသမားတစ်ဦးလည်း ဖြစ်တဲ့ သမ္မတဟောင်းဟာ လက်ရှိ ဘရာဇီးသမ္မတဂျေယာ ဘောလ်ဆွန်နာရိုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မီချယ်လ်တီမာဟာ သမ္မတ ဒီလ်မာ ရော့စ်ဆတ်ဖ်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးကဖြုတ်ချပြီးနောက် သမ္မတဖြစ်လာခဲ့သူ ဖြစ်ပါတယ်။




Photo: gadgettendency

၂၀၁၈ အကုန်မှာ သမ္မတရာထူးကုန်ဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နျူကလီးယားစွမ်းအင်ကုမ္ပဏီ Electronuclear ဆီက လာဘ်ပေးမှုကို တရားမဝင်လက်ခံခဲ့တာကြောင့် အဖမ်းခံခဲ့ရတာပါ။ သမ္မတမီချယ်လ်တီမာလက်ထက်မှာ Angra 3 စွမ်းအင်စက်ရုံ တည်‌ဆောက်ရေးအတွက် အစိုးရကန်ထရိုက်ကို Electronuclear အား ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်း မီချယ်တီမာဟာ နောက်ပိုင်းမှာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။

ဘရာဇီးသမ္မတဟောင်း တီမာကို ခန့်အပ်လိုက်ခြင်းဟာ နိုင်ငံအများအပြားမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်ကြောင့် Huawei 5G ပစ္စည်းအစိတ်အပိုင်းများ တင်ပို့မှု ကန့်သတ်ခံရဖို့ ခြိမ်းခြောက်မှုကနေ သက်သာရာရဖို့ နည်းလမ်းရှာလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုမှုကြောင့် ဘရာဇီးမှာ Huawei ရဲ့ ကွန်ရက်ပစ္စည်းတင်ပို့မှု အခက်အခဲတွေ ဖြစ်ခဲ့သလို ဘရာဇီးသမ္မတ ဘော်ဆွန်နာရိုကလည်း နိုင်ငံအတွင်း မိုဘိုင်းကွန်ရက်သစ် ဖွံ့ဖြိုးရေးမှာ Huawei ပါဝင်မှုကို မလိုလားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


Photo: China Daily

ဘရားဇီးမှာ 5G လှိုင်းနှုန်းစဉ်လေလံပွဲကို ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ ကျင်းပဖို့ သတ်မှတ်ထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ ရွှေ့ဆိုင်းထားတာပါ။ Huawei အနေနဲ့လည်း ဘရာဇီး 5G အခြေခံအဆောက်အဦပိုင်းကနေ ဖယ်ထုတ်ခံရဖို့ အလားအလာများနေတာ ဖြစ်ပါတယ်။ အခုလို လက်ရှိသမ္မတနဲ့ နီးစပ်တဲ့ သမ္မတဟောင်းတစ်ဦးကို အကြံပေးခန့်အပ်လိုက်ခြင်းဟာ ဒေသတွင်း နိုင်ငံရေးဩဇာ လွှမ်းမိုးဖို့ အထောက်အကူဖြစ်လာနိုင်ပါတယ်။

သမ္မတဟောင်း တီမာဟာ လက်ရှိ ဘရားဇီးတယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အေဂျင်စီ Anatel ရဲ့ ဘုတ်အဖွဲ့ဥက္ကဌကို ခန့်အပ်ခဲ့သူလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က