budget 5G ဖုန်းသစ်ပါ

OPPO ကနေ MediaTek Dimensity 700 chipset သုံး တန်ဖိုးသင့် 5G ဖုန်းတစ်လုံး ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

OPPO A55 5G ဖုန်းကို တရုတ်ဈေးကွက်မှာ တိတ်တဆိတ်မိတ်ဆက်သွားတာပါ။ ဘက်ဂျက်ဗားရှင်း 5G ဖုန်းသစ်ဟာ ပြီးခဲ့တဲ့ အစောပိုင်းက OPPO A93 5G ဖုန်းထွက်ပြီး မကြာခင်မှာ တရားဝင် ထွက်လာတာ ဖြစ်ပါတယ်။ OPPO ရဲ့ ထုံးစံအတိုင်း ဒီဇိုင်းပိုင်း ခေတ်မီပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဈေးနဲ့ပဲ ကြေညာသွားတာပါ။ waterdrop notch နဲ့ပဲလာတဲ့ ဒီဖုန်းဟာ မျက်နှာပြင် ၆.၅ လက်မ IPS LCD panel နဲ့လာပြီး HD+ ရုပ်ထွက်ပါရှိပါတယ်။




Photo: Gizmochina

5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ MediaTek Dimensity 700 SoC နဲ့ လာပြီး RAM 6GB/128GB storage ပါရှိပါတယ်။ memory ကို 1TB အထိ ထပ်တိုးနိုင်ဖို့လည်း microSD card support ပေးထားပါတယ်။ notch ထဲက Selfie ကင်မရာဟာ 8MP ဖြစ်ပြီး ကျောဘက်မှာ ထောင်လိုက် စတုဂံကင်မရာကွက်နဲ့အတူ သုံးလုံးတွဲကင်မရာစနစ် သုံးထားပါတယ်။ ကျောဘက်ကင်မရာအနေနဲ့ 13MP main sensor ၊ 2MP depth sensor နဲ့ 2MP macro lens တို့ သုံးသွားတာ ဖြစ်ပါတယ်။ 

chipset ရဲ့ support ပေးမှု အကန့်အသတ်ကြောင့် OPPO A55 5G ဟာ 1080p ဗွီဒီယိုကို 30fps နှုန်းနဲ့ပဲ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး slow-mo clip တွေကိုတော့ 720p နဲ့ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 5000mAh သုံးထားပြီး fast charging တော့ မပါရှိပါဘူး။ အားသွင်းတာကိုတော့ USB Type C port ကနေ သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းအောက်ဘက်မှာ 3.5mm headphone jack ပါရှိပြီး ဖုန်းဘေးဘောင် ပါဝါခလုတ်ထဲမှာ လက်ဗွေဖတ်စနစ် ထည့်ထားပါတယ်။

ဒီဖုန်းကို တရုတ်ဈေးကွက်မှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး ဈေးနှုန်း ၁၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၃ သောင်းခန့်) ဈေး ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က