သူရရှိမယ့်လစာငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ရွှေ့ဆိုင်းပေးခဲ့တာပါ။

အသင်းမှာ လစာငွေမြင့်မားစွာရရှိနေတဲ့ ရွန်နီက သူ့ရဲ့လစာအပြည့်အဝကို ယူသွာမှာမဟုတ်ဘဲ ကစားသမားတွေကိုသာ ဦးစားပေးဖို့ အသင်းနဲ့ သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။


ဒါဘီကောင်တီအသင်းနည်းပြဖြစ်တဲ့ ၀ိန်းရွန်နီဟာ အသင်းရဲ့ဘဏ္ဍာရေးပြသနာတွေကြောင့် သူရရှိမယ့် လုပ်ခလစာငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ရွှေ့ဆိုင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဘီနဲ့ နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုထားတဲ့ ရွန်နီဟာ ဒါဘီကစားသမားဘဝတုန်းကလည်း အသင်းရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်ပြီး လစာငွေလျှော့ယူပေးဖို့ အသင်းဖော်တွေကို စည်းရုံးပေးခဲ့ပါတယ်။ 

အခုအခါ သူ နည်းပြဖြစ်လာချိန်မှာလည်း အလားတူကူညီမှုမျိုးကို ထပ်မံပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ်ဒါဘီဟာ အသင်းကို Derventio Holdings က လက်လွှဲရယူဖို့စောင့်ဆိုင်းနေရတဲ့အချိ်န်ကစပြီး ငွေကြေးပြသနာရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တစထက်တစ ပိုမိုဆိုးရွားလာခဲ့ကာ အသင်းကစားသမားတွေကို လစာပေးချေဖို့တောင် တော်တော်လေးခက်ခဲခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ဒီဇင်ဘာလအတွက် လစာတွေကို ပေးချေနိုင်ခဲ့ပြီး လာမယ့်သောကြာနေ့မှာ ဇန်နဝါရီအတွက် လစာငွေကို ပေးချေသွားမယ်လို့ ကစားသမားတွေကို အသင်းဘက်က အသိပေးခဲ့ပါတယ်။ အသင်းမှာ လစာငွေမြင့်မားစွာရရှိနေတဲ့ ရွန်နီက သူ့ရဲ့လစာအပြည့်အဝကို ယူသွာမှာမဟုတ်ဘဲ ကစားသမားတွေကိုသာ ဦးစားပေးဖို့ အသင်းနဲ့ သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။
 


ဒါဘီအမြဲတမ်းနည်းပြဘဝမှာ ၂ပွဲဆက်တိုက်နိုင်ပွဲရအောင် ရွန်နီက စွမ်းဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကစားသမား/နည်းပြအဖြစ်ကနေ ယာယီနည်းပြ၊ အဲဒီကမှ အမြဲတမ်းနည်းပြအဖြစ် ရွန်နီက ပြောင်းလဲတာဝန်ယူခဲ့ပြီး ကစားသမားဘဝကနေ အပြီးတိုင်အနားယူခဲ့ကာ နည်းပြဘဝထဲကို လုံးလုံးလျားလျားပြောင်းလဲဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က