ဂီတလောကမှာ အောင်မြင်မှုရနေပြီးသား အဆိုတော် မိစန္ဒီက စီးပွားရေးဘက်မှာလည်း သူမရဲ့ ကြိုးစားမှုတွေကို အခုလိုပြောပြလာပါတယ်။
Photo: Mi Sandi
မိစန္ဒီကတော့ ဂီတအလုပ်တွေသာမက စီးပွားရေး အလုပ်တွေကိုပါ ဦးဆောင်နေရသူ တစ်ယောက်ပါ။ ဒါကြောင့် စီးပွားရေးနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားတွေကို အခုလို ပြောပြခဲ့ပါတယ်။
“ မိစန္ဒီ အမြင်ကတော့ စီးပွားရေးပဲ လုပ်လုပ်၊ ဘာအလုပ်ပဲ လုပ်လုပ် ရူးသွပ်ဆာလောင်နေရမယ်။ ညအိပ်ရာဝင်လည်း ကိုယ့်ရဲ့ My Boo Page မှာ မက်ဆေ့ချ်တွေ ဝင်ပြီလား၊ ငါ့ကို ဘယ်သူကများ Email ပို့ထားလဲ၊ ဖုန်းတစ်လုံး လာပြီဆိုရင် ဘာများဖြစ်ပြီလဲ ဆိုပြီးတော့ စိတ်က အရမ်းဖိစီးတယ်။ အဆင်ပြေပါ့မလား အသေးအဖွဲလေးက အစ စိတ်ဖိစီးတယ်။ စီးပွားရေးပဲ လုပ်လုပ် သီချင်းပဲ လုပ်လုပ် ဒီအတိုင်းပါပဲ။ ကိုယ်ပိုင် အလုပ် လုပ်ရင်တော့ ဖိအားကိုတော့ ခံနိုင်ရည်ရှိရမှာပါ” လို့ Duwun ကို ပြောပါတယ်။
Photo: Mi Sandi
မိစန္ဒီဟာ ငယ်စဉ်ကတည်းက သူမရဲ့ ဘဝဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်တွေ ရှိခဲ့ဖူးတဲ့ အကြောင်းလေးကိုလည်း ပြန်လည်ပြောပြခဲ့ပါသေးတယ်။
Photo: Mi Sandi
မိစန္ဒီဟာ My Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူငယ်တွေ အကြိုက် ဖန်စီဆိုင် လည်း ဖွင့်လှစ်ထားတာဖြစ်ပြီး Beauty Sloon လည်း ထပ်မံဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။