ပရီးမီးယားလိဂ်ကတော့ ယူနိုက်တက်နဲ့ မန်စီးတီး ပြိုင်ဆိုင်မှုဖြစ်လာပြန်ပါပြီ။

နောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်ရထားပြီး နောက်ဆုံး ၃ပွဲဆက် ပေးဂိုးမရှိထားတဲ့ မန်စီးတီးတို့ နိုင်ပွဲဆက်ခဲ့ပြီး ခံစစ်ကလည်း ဂိုးထပ်မပေးခဲ့ရလို့ အကောင်းဆုံးပုံစံမှာရှိနေပြီလို့ ယူဆရကာ အမှတ်ပေးဖလားအတွက် သူတို့လာနေပြီလို့ အချက်ပေးသံဖြစ်လာခဲ့ပါတယ်။


ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ကစားသမားတွေကို အနားယူချိန်တောင် ကောင်းကောင်းမပေးဘဲ ဆက်လက်ကစားနေခဲ့ပါတယ်။ မနေ့ကလည်း စုစုပေါင်း ၄ ပွဲကစားခဲ့ပြီး အဝေးကွင်းအသင်းအားလုံးအနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်၊ မန်စီးတီး၊ ဝက်စ်ဟမ်း၊ လိဒ်ယူနိုက်တက်တို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြပြီး မန်စီးတီးကတော့ အမှတ်ပေးဇယားထိပ်ကိုတောင် ရောက်ရှိခဲ့ပါပြီ။

တန်းဆင်းဇုန်ထဲက ဝက်ဘရွန်းစ်ကို မန်စီးတီးက အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒီနေ့ည ရှက်ဖီးနဲ့ ကစားရမယ့် ယူနိုက်တက်ကို ဖိအားတွေပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်ရထားပြီး နောက်ဆုံး ၃ပွဲဆက် ပေးဂိုးမရှိထားတဲ့ မန်စီးတီးတို့ နိုင်ပွဲဆက်ခဲ့ပြီး ခံစစ်ကလည်း ဂိုးထပ်မပေးခဲ့ရလို့ အကောင်းဆုံးပုံစံမှာရှိနေပြီလို့ ယူဆရကာ အမှတ်ပေးဖလားအတွက် သူတို့လာနေပြီလို့ အချက်ပေးသံဖြစ်လာခဲ့ပါတယ်။

ဒီဘရိုင်းမပါဝင်နိုင်ပေမယ့် ဂန်ဒိုဂန်ခြေစွမ်းထပ်ပြပြီး နှစ်ဂိုးသွင်းယူပေးခဲ့ကာ စတာလင်၊ ကန်ဆယ်လို၊ မာရက်ဇ်တို့လည်း တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ ဂွာဒီယိုလာရဲ့အသင်းဟာ ပုံစံကောင်းပြန်ရလာမှုနဲ့အတူ နိုင်ပွဲတွေဆက်တိုက်ယူလာခဲ့ပြီး တစ်ဖက်မှာ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ ပြိုင်ဆိုင်မှုအောက်မှာ သူတို့က တိုးတိုးတိတ်တိတ်နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြနေခဲ့တာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်ကတော့ စိန့်ကို အက်ဖ်အေဖလားရှုံးကြွေးဆပ်နိုင်ခဲ့ပြီး အဝေးကွင်းနို်င်ပွဲယူကာ အဆင့် ၈နေရာကို တက်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၅ မှတ်ကွာဟနေသေးပေမယ့်လည်း အာဆင်နယ်က နောက်ဆုံးငါးပွဲဆက်ရှုံးပွဲမရှိကစားထားနိုင်ခဲ့ပြီး အခြေအနေပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းကတော့ အဆင့် ၄ နေရာအထိ ရောက်လာခဲ့ကာ လိဒ်ယူနိုက်တက်ကလည်း တန်းမဆင်းရရေးအတွက် အမှတ်တွေစုဆောင်းနိုင်ခဲ့ပြီး အဆင့် ၁၂ မှာရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က