ပြိုင်ပွဲစုံ ၁၁ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။

နှစ်ပေါင်း ၂၀အတွင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ၁၁ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး နယူးကာဆယ်အသင်းဟာ လည်း တန်းဆင်းဇုန်က အသင်းနဲ့ ၇မှတ်သာ ကွာဟပြီး အဆင့် ၁၆မှာရောက်နေပါတယ်။

လိဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် နယူးကာဆယ်အသင်းရဲ့ မန်နေဂျာ စတိဗ်ဘ ရုစ်အနေနဲ့ ဖိအားတွေနဲ့ စတင်ရင်ဆိုင်လာရပါပြီ။



ပြိုင်ပွဲစုံ ၁၁ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာဟာ နည်းပြကြီး ဘရုစ်အတွက်တော့ သူ့ရဲ့ နည်းပြဘဝသက်တမ်း ၂၀ အတွင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။

ဒီဇင်ဘာ ၂၀၁၆ နဲ့ ဖေဖော်ဝါရီ ၂၀၁၇ အတွင်းတုန်းကလည်း အက်စတန်ဗီလာနည်းပြအဖြစ်နဲ့ ပြိုင်ပွဲစုံ ၁၀ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ဖူးပါတယ်။

ဒါ့အပြင် လိဒ်အသင်းဖက်ကို ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ အယ်လ်မီရွန်ရဲ့ သွင်းဂိုးဟာလည်း ၄၅၄မိနစ် တိတိ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်တာကြောင့် ဘရုစ်အတွက် အခြေအနေ သိပ်မကောင်းလှ ပေ။

“လိဂ်ရဲ့ တောင်းဆိုချက်က မြင့်မားပြီး အင်မတန် ကြမ်းတမ်းခက်ခဲလွန်းလှပါတယ်။နှစ် ၂၀အတွင်း အဆိုးရွားဆုံး ခရီးကြမ်းကို ရင်ဆိုင်ခဲ့ရပေမယ့် လိဒ်နဲ့ပွဲမှာ ရှေ့ဆက်ဖို့ အခြေအနေကောင်းတချို့ကိုတော့ တွေ့ခဲ့ပါတယ်။”လို့ ဘရုစ်က BBC SPORTကိုပြောပါတယ်။

နယူးကာဆယ်အသင်းအနေနဲ့ အခုလို နိုင်ပွဲတွေနှင့်အတူ သွင်းဂိုးတွေပါ ပျောက်ဆုံးနေရတဲ့ အဓိက အကြောင်းရင်း ကတော့ အဓိက ကစားသမားအချို့ ဒဏ်ရာအသီးသီးရနေကြသလို အချို့လည်း ဖျားနေဝေဒနာ ခံစားနေရတာ ကြောင့်လို့ သိရပါသေးတယ်။

“တိုက်စစ်မှာ မက်ဆီမင်နှင့်အတူ အယ်လ်မီရွန်သာ အကောင်းဆုံး ကစားနိုင်ရင် အကောင်းဆုံး အခွင့်အရေးတွေ ဖန်တီးလာနိုင်မှာပါ။”လို့ ဘရုစ်က ဆက်လက်ဆိုပါတယ်။

လက်ရှိမှာတော့ ဘရုစ်ရဲ့ ကာဆယ်အသင်းဟာ တန်းဆင်းဇုန်ထက် ၇မှတ်သာ များနေတော့ပြီး အဆင့် ၁၈က ဖူဟမ်ထက်လည်း ၂ပွဲပိုကစားထားပါသေးတယ်။

ဘရုစ်ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ထုတ်ခံလိုက်ရတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်နဲ့ ခိုင်းနှိုင်းနေကြပြီး နယူး ကာဆယ်အသင်းသာ စိတ်မရှည်တော့ဘူးဆိုရင် လမ်းပတ်နောက်လိုက်မယ့် နည်းပြက ဘရုစ်ဖြစ်လာနိုင်တယ်လို့ လည်း အင်္ဂလန်မီဒီယာတွေက ဖော်ပြလာပါတယ်။

လမ်းပတ်ကတော့ ချဲလ်ဆီးအသင်းကို ၂၀၁၉ခုနှစ် ဇူလိုင်လမှာ စတင်တာဝန်ယူခဲ့ပြီး ယခုနှစ် မစတင်ခင်မှာတော့ အသင်းကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသင်းပိုင်ရှင်က ကစားသမားသစ်ခေါ်ယူဖို့ ပေါင်သန်း ၂၀၀အထိ ထုတ်ပေးခဲ့ပေမယ့် အသင်းကို လောက်လောက် လားလားပြင်ဆင်နိုင်မှုမရှိပဲ လိဂ်မှာလည်း နောက်ဆုံး ၅ပွဲမှာ ၃ပွဲရှုံး ၁ပွဲသရေ ၁ပွဲသာ နိုင်ခဲ့ပြီး အဆင့် ၁၀မှာ ရပ် တည်နေရပါတယ်။

လက်ရှိမှာတော့ ချဲလ်ဆီးအသင်းကို ယခင် ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ်က တာဝန်ယူကိုင်တွယ်နေပြီ ဖြစ်ပြီး ဝုလ်နဲ့ပွဲကို စတင် ကိုင်တွယ်မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က