အသင်းဟောင်းကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။

ဂါဘရီရယ်ဂျီးဆပ် နဲ့ အဂူရိုတို့ ဒဏ်ရာရရှိနေလို့ တိုက်စစ်မှူးမရှိဘဲကစားနေရတဲ့ မန်စီးတီးအတွက် မီကာရစ်ချတ်က ကော်စတာကို ခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။


မန်စီးတီးနောက်ခံလူဟောင်းမီကာရစ်ချတ်က အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဟောင်းဒီယေဂိုကော်စတာဟာ မန်စီးတီးကို ပရီးမီးယားလိဂ်ဖလားရရှိစေလိမ့်မယ်လို့ ပြောဆိုလိက်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြီးခဲ့တဲ့ရာသီက လက်လွှတ်ခဲ့ရတဲ့ မန်စီးတီးဟာ ဒီရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဂါဘရီရယ်ဂျီးဆပ် နဲ့ အဂူရိုတို့ ဒဏ်ရာရရှိနေလို့ တိုက်စစ်မှူးမရှိဘဲကစားနေရတဲ့ မန်စီးတီးအတွက် မီကာရစ်ချတ်က ကော်စတာကို ခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ မန်စီးတီးနောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိမှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မီကာရစ်ချတ်က ကော်စတာကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

"မန်စီးတီးက ပုံစံကောင်းတွေပြသနေပြီးသားပါ၊ ဒါပေမယ့်လည်း သူတို့အနေနဲ့ ဒီယေဂိုကော်စတာကို ခေါ်ယူလိုက်မယ်ဆိုရင်လည်း သူက ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်ပါလိမ့်မယ်၊ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်တယ်" လို့ ရစ်ချတ်က BBC ရဲ့ အားကစားကဏ္ဍမှာ ရေးသားပြောဆိုခဲ့ပြီး အသင်းဟောင်းကို အကြံပြုခဲ့ပါတယ်။ 

"ကော်စတာက ၃၂နှစ်ရှိပြီဖြစ်ပြီး သူက မန်စီးတီးတိုက်စစ်အတွက် ရေရှည်အဖြေမဟုတ်ဘူးလို့တော့ ပြောချင်ပါတယ်၊ ဒါပေမယ့် ဒီချယ်လ်ဆီးတိုက်စစ်မှူးဟောင်းက အသင်းလက်မဲ့ဖြစ်နေပြီး သူ့အတွက် တစ်ပြားတစ်ချပ်မှမကုန်ပဲ ခေါ်ယူနိုင်မှာပါ၊ သူ ရာသီကုန်ထိ ဘာလို့မကစားနိုင်ရမှာလဲ၊ သူ့ကို လဲလှယ်သုံးနိုင်ရုံမက ပြိုင်ဘက်ခံစစ်မှူးတွေကိုလည်း သူက အခက်တွေ့စေဦးမှာပါ၊ Plan B အနေနဲ့ ဂွာဒီယိုလာ သူ့ကိုကမ်းလှမ်းနိုင်ပါတယ်" လို့ ထပ်မံရေးသားခဲ့ပါတယ်။ 

ကော်စတာကတော့ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ကြိမ်ရယူနိုင်ခဲ့ပြီး လိဂ်ပွဲ ၈၉ ပွဲမှာ ၅၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ 

Share

က္က