အဆင့် ၈အထိ တက်လှမ်းလာနိုင်ပါပြီ။

ဆာကာဟာ ဘောက်ဆင်ဒေးကစတင်ပြီး အသင်းအတွက် လိဂ် ၆ပွဲကစားပေးထား၌ ၄ဂိုးအထိသွင်းယူပေး ထားနိုင်သူ တစ်ဦးပါ။

အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်အသင်းကို ၃-၁ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဥ် အမှတ်ပေးဇယား အဆင့် ၈နေရာမှာ ရပ်တည်ထားနိုင်ပါပြီ။



ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတုန်းကလည်း ဆောက်သမ်တန်အသင်းနဲ့သာ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီတုန်းက ၁-၀နဲ့ ရှုံးလို့ အဆိုပါ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

မူလတုန်းက အာဆင်နယ်အသင်းဟာ လိဂ် ၁၄ပွဲကစားထားရာမှာ ၈ပွဲထိ ရှုံးနေပြီး တန်းဆင်းဇုန်နား ကပ်သထက် ကပ်နေတာကြောင့် နည်းပြ အာတီတာအတွက် အချိန်သိပ်မကျန်တော့ဘူးလို့ သုံးသပ်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် အာတီတာဟာ လန်ဒန်ဒါဘီအဖြစ် ကစားခဲ့တဲ့ ချဲလ်ဆီးပွဲက စတင်ပြီး လူတွေ ထင်ထားသလို ဖြစ်မလာ ဘူးဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးပွဲက စတင်ပြီး အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ ၄ပွဲဆက်တိုက် အနိုင်ယူပြနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ လည်း နောက်ဆုံး ၆ပွဲမှာ ၅ပွဲနိုင် ၁ပွဲသရေဆိုတဲ့ ရလဒ်အထိ ပိုင်ဆိုင်ပြလာနိုင်ပါတယ်။

အခုဆိုရင် အာဆင်နယ်ဟာ ရမှတ် ၃၀နှင့်အတူ အဆင့် ၈မှာ ရပ်တည်နေပြီ ဖြစ်ပြီး တန်းဆင်းဇုန်နဲ့ ဝေးလို့ ချန်ပီ ယံလိဂ် ဝင်ခွင့်အထိပါ မျှော်လင့်လာနိုင်ခဲ့ပါပြီ။

ဒီအပေါ်မှာတော့ အာဆင်နယ်အသင်းရဲ့ အတိုးတက်ဆုံး လူငယ်တိုက်စစ်မှူးလေး ဆာကာက - “ ကျွန်တော်တို့ အနေနဲ့ ဒီပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ ယုံကြည်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဆာကာကတော့ ဘောက်ဆင်ဒေးကာလက စတင်ပြီး အသင်းအတွက် လိဂ်၆ပွဲကစားပေးထားရာမှာ ၄ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါပြီ။

အာဆင်နယ်အသင်းဟာလည်း နောက်ဆုံး လိဂ် ၆ပွဲမှာ သွင်းဂိုးက ၁၄ဂိုးအထိရရှိလာခဲ့ပြီး ပေးဂိုးကလည်း ၂ဂိုးသာ ပေးခဲ့ရတဲ့အထိ တိုက်စစ် ခံစစ် မျှတမှု ရှိလာတာ တွေ့ရပါတယ်။

လက်ရှိ ရာသီဝက် ပြီးဆုံးချိန်မှာတော့ အသင်းတိုင်းဟာ ဘာမဆို ဖြစ်နိုင်တဲ့ အနေအထားမှာပဲ ရှိသေးလို့ ရာသီအ ကုန်မှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမလားဆိုတာကလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရ တော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က