ယနေ့မှာ မဲခွဲခဲ့တာပါ။

ဟံသာဝတီအသင်းက ဒေသတွင်း အင်အားကြီး ဟနွိုင်း၊ဘာလီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်မှာ ဖြစ်ပြီး ရှမ်းကတော့ ကြိုးစားအားထုတ်မယ်ဆိုရင် ဇုန်ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်မယ့် ကာရား အက်ဖ်စီ၊ တာရန် ဂါးနူးအက်ဖ်စီ၊ ဂေးလန်းအင်တာနေရှင်နယ်စတဲ့အသင်းတွေနဲ့ အတူ ကျရောက်နေတာ ပါ။

အာရှကလပ်ပြိုင်ပွဲတွေရဲ့ အုပ်စုအဆင့် မဲခွဲဆုံးဖြတ်မှုတွေကို ယနေ့မှာ ပြုလုပ်ခဲ့ရာမှာတော့ AFC CUPပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရထားတဲ့ မြန်မာကလပ်အသင်းတွေရဲ့ အုပ်စုအနေအထားတွေ ထွက်ပေါ်လာပါတယ်။



ယခုနှစ်မှာ မြန်မာကလပ်တွေထဲက ရှမ်းနဲ့ ဟံသာဝတီတို့ အာရှအဆင့် ဝင်ခွင့်ရထားပြီး ဟံသာဝတီအသင်းက တော့ ယခုနှစ်မှာ ပထမဆုံး အကြိမ် ဝင်ခွင့်ရခဲ့တာပါ။

မနှစ်က လိဂ်မှာချန်ပီယံဖြစ်ခဲ့တဲ့ ရှမ်းဟာ အာဆီယံဇုန် အုပ်စု (ဈ)မှာ ဖိလစ်ပိုင်ကလပ် ကာရားအက်ဖ်စီ၊မလေး ရှားကလပ် တာရန်ဂါးနူးအက်ဖ်စီ၊စင်ကာပူကလပ် ဂေးလန်းအင်တာနေရှင်နယ် အက်ဖ်စီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ခြေစစ်ပွဲဒုတိယအဆင့်ကနေ ကစားခွင့်ရထားတဲ့ ဟံသာဝတီကတော့ ပထမအဆင့်မှာ ကစားကြမယ့် လာအိုက လပ်တိုယိုတာအက်ဖစ်ီနဲ့ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့ပွဲမှအနိုင်ရသူနဲ့ တွေ့ဆုံနေပြီး အနိုင်ရပါမှ အုပ်စု (ဆ)မှာ ပါဝင်ခွင့်ရမှာပါ။

အုပ်စု(ဆ)မှာတော့ ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီ၊အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်နဲ့ကမ္ဘောဒီးယား ကလပ် ဘန်းကက်အန်ဂေါအသင်းတို့နဲ့ အတူ ကျရောက်မှာပါ။

ဒါကြောင့် မျက်နှာသစ် ဟံသာအတွက် အေအက်ဖ်စီ အတွေ့အကြုံရှိ ကလပ်အသင်းတွေဖြစ်တဲ့အပြင် အာဆီယံ ဒေသတွင်း အင်အားကြီး ကလပ်တွေ ဖြစ်ကြတဲ့ ဟနွိုင်း၊ဘာလီတို့နဲ့ ယှဥ်ပြိုင်ရာမှာတော့ အခက်တွေ့လာနိုင်ပါ တယ်။

တစ်ခုရှိတာက ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ရရှိထားတဲ့ Slotအရ အာရှချန်ပီယံလိဂ် ပြိုင်ပွဲ ကို ပထမအဆင့် ခြေစစ်ပွဲကတဆင့် ကစားခွင့်ရထားပါတယ်။

အဆိုပါ ခြေစစ်ပွဲကတဆင့် အုပ်စုအဆင့်ထိ တက်လှမ်းသွားနိုင်မယ်ဆိုရင် ယခု ရှမ်း ကျရောက်နေတဲ့ အုပ်စု(ဈ)ကို တတိယနေရာက ဧရာဝတီယူနိုက်တက်အသင်းက အစားထိုးကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျန်ခဲ့တဲ့ နှစ်တွေမှာတော့ အာရှချန်ပီယံလိဂ် အုပ်စုအဆင့်ကို မြန်မာကလပ်တွေ တက်လှမ်းနိုင် ခြင်းမရှိလို့ ဒီလိုမျိုး မြန်မာကလပ် ၂သင်းအထိ အာရှအဆင့်မှာ ကစားတာတော့ မကြုံဖူးသေးပါဘူး။

အာဆီယံဇုန်မှာတော့ ခြေစစ်ပွဲအဆင့်တွေကိုတော့ ဧပြီ ၂၈မှာ စတင်ဖို့ရှိပြီး ပလေးအော့ဖ်အဆင့်ပွဲတွေကိုတော့ မေလ ၁၉မှာ ကစားစေမယ်လို့သိရပါတယ်။

အုပ်စုအဆင့် ပွဲစဥ်တွေကိုမူ ဇွန် ၂၂မှ ၂၈အထိလျာထားပြီး ဇုန်အလိုက် ဆီမီးဖိုင်နယ်၊ဖိုင်နယ်ပွဲတွေကိုတော့ သြဂုတ်လ ၁၀-၁၁ နဲ့ ၂၅တို့မှာ ကျင်းပမယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က